• Follow Us on

Home ရုရှားရဲ့ Kh-69 ခရုစ်ဒုံးကျည်သစ် Kh-47M2 ဟိုက်ပါဆောနစ်ဒုံးကျည်ထက် ပိုမိုဖျက်အားပြင်း

ရုရှားရဲ့ Kh-69 ခရုစ်ဒုံးကျည်သစ် Kh-47M2 ဟိုက်ပါဆောနစ်ဒုံးကျည်ထက် ပိုမိုဖျက်အားပြင်း

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၂

 

ယူကရိန်းနိုင်ငံ ကိယက်ဗ်အော့ဘလက်ပြည်နယ်က စွမ်းအင်အများဆုံး ထုတ်လွှတ်ပေးနိုင်တဲ့ ထရိုင်ပီစကာ ဓာတ်အားပေးစက်ရုံကို ဧပြီလ ၁၁ ရက်နေ့က ရုရှားက Kh-69 ခရုစ်ဒုံးကျည် အသုံးပြုတိုက်ခိုက်ခဲ့ရာမှာ အဲဒီ ဒုံးကျည်ဟာ Kh-47M2 “Kinzhal” ဟိုက်ပါဆောနစ်ဒုံးကျည်ထက် ပိုမိုဖျက်အားပြင်းကြောင်း Defense Express က ရေးသားဖော်ပြလိုက်ပါတယ်။

 

အဲဒီဒုံးကျည်တွေကို Kh-69 ဒုံးကျည်တွေအတွက် နဂိုကခန့်မှန်းတွက်ချက်အကွာအဝေးဖြစ်တဲ့ ကီလိုမိတာ ၃၀၀ ထက် ကျော်လွန်ပြီး ကီလိုမိတာ ၄၀၀ အကွာ်အဝေးကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက Defense Express ကို ပြောပါတယ်။

 

Su-34 နဲ့ Su-35 ဂျက်တိုက်လေယာဉ်တွေမှာ အသုံးပြုဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ ရုရှားထုတ် subsonic ခရုစ်ဒုံးကျည်ဖြစ်တဲ့ Kh-69 ဒုံးကျည်ကို ၂၀၂၃ ခုနှစ်မှာ ကြိုကြားကြိုကြား အသုံးပြုခဲ့ပေမဲ့ ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလမှာ အသုံးပြုခဲ့ကြောင်း ပထမဦးဆုံးအကြိမ် သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အဲဒီစက်ရုံဘေးမှာတွေ့ရတဲ့ ဒုံးကျည်အပိုင်းအစတွေဟာ Kh-69 ဒုံးကျည် အပိုင်းအစတွေဖြစ်ကြောင်း ကိယက်ဗ် သိပ္ပံသုတေသနအင်စတီကျုကလည်း နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

 

DSMAC၊ ရေဒီယိုတန်ပြန်တိုက်ဖျက်ရေးစနစ်ကာကွယ်ရေး ဂြိုဟ်တုလမ်းညွှန်စနစ်နဲ့ အင်နာရှားလမ်းညွှန်စနစ် တို့အပါအဝင် ခေတ်မီလမ်းညွှန်စနစ်တွေကြောင့် Kh-69 ဒုံးကျည်ဟာ မူလကြေညာထားတဲ့ ကီလိုမီတာ ၂၉၀ ထက် ပိုမိုပျံသန်းနိုင်တာကို တွေ့ရှိရပါတယ်။

 

Kh-69 ရဲ့ ဒုံးကျည်ထိပ်ဖူးဟာ ခန့်မှန်း ကီလိုဂရမ် ၃၁၀ ဝန်းကျင်အလေးချိန်ရှိပြီး အထူးခြားဆုံးစွမ်းရည်က တော့ Kh-101 ဒုံးကျည်တွေထက် ပိုမိုနိမ့်တဲ့ အမြင့်ပေ မီတာ ၂၀ လောက်ကနေ ပျံသန်းနိုင်စွမ်းရှိတာပဲဖြစ် တယ်လို့ ဆိုပါတယ်။

 

Kh-69 ဒုံးကျည်ဟာ subsonic နှုန်းနဲ့သာ ပျံသန်းပြီး Kh-47M2 “Kinzhal” ဒုံးကျည်ထက် သေးငယ်တဲ့ထိပ်ဖူး ကိုသာတပ်ဆင်ထားပေမဲ့ ထရိုင်ပီစကာ ဓာတ်အားပေးစက်ရုံကို တိုက်ခိုက်ရာမှာ ဖျက်အားပြင်းထန်စွာ ဖျက်ဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

Kh-69 ဒုံးကျည် ပစ်ခတ်နိုင်တဲ့ ကီလိုမီတာ ၄၀၀ အကွာအဝေးဟာ ကီလိုမီတာ ၅၀ ကနေ ၇၀ အတွင်း ယူက ရိန်းစစ်မြေပြင် နယ်စပ်ကို ချဉ်းကပ်နိုင်တဲ့ နည်းဗျူဟာမြောက်လေယာဉ်တွေကနေ ယူကရိန်းနိုင်ငံထဲမှာရှိတဲ့ အရေးကြီးတဲ့ပစ်မှတ်တေါကို ဖျက်ဆီးဖို့အတွက် လုံလောက်တဲ့စွမ်းရည်ရှိကြောင်း Defense Express က ပြော ပါတယ်။

 

Ref: Defense Express: Russia’s new Kh-69 cruise missiles, “worse than Kinzhal,” used in Trypilska power plant strike

 

#PeopleMedia


Share this post