• Follow Us on
Latest News

Home တောင်ဥက္ကလာပတွင် ပန်းရံလုပ်သားက အုတ်ခဲဖြင့် ထုသတ်သောကြောင့် ပန်းရံဆရာ သေဆုံး

တောင်ဥက္ကလာပတွင် ပန်းရံလုပ်သားက အုတ်ခဲဖြင့် ထုသတ်သောကြောင့် ပန်းရံဆရာ သေဆုံး

Share this post

နေပြည်တော်၊ မေ ၂

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်၊ ဝရုဏာ (၇) လမ်း၊ ဆောက်လုပ်စ တိုက်အမှတ် (၇၄၉) တွင် မေလ (၂)ရက် နံနက် (၁၂)နာရီခွဲခန့်က အရက်သောက်စဉ် ရန်ဖြစ်ပြီး ပန်းရံလုပ်သားက အုတ်ခဲဖြင့် ထုသတ်သောကြောင့် ပန်းရံဆရာ သေဆုံးသွားကြောင်း သိရသည်။

 

မေလ (၁)ရက် ည(၇)နာရီအချိန်မှ စတင်ကာ ပန်းရံခေါင်းဆောင် ဦးထွန်းဝင်းနှင့် ပန်းရံလုပ်သား အေးချမ်း (ခ) ငပိန်တို့သည် အရက်သေစာ အတူသောက်စားခဲ့ကြောင်းနှင့် ယင်းသို့ သောက်စားနေစဉ် စကားများပြီး ပန်းရံခေါင်းဆောင် ဦးထွန်းဝင်းက ပန်းရံလုပ်သား ငပိန်၏ လက်ကိုင်ဖုန်းကို ကိုင်ပေါက်သဖြင့် လက်ကိုင်ဖုန်း ပျက်စီးသွားကြောင်း သိရသည်။

 

ယင်းသို့ လက်ကိုင်ဖုန်း ပျက်စီးသွားသဖြင့် အေးချမ်း (ခ) ငပိန်က ဒေါသမထိန်းနိုင် ဖြစ်ပြီး အနီးရှိ အုတ်ခဲဖြင့် ပန်းရံဆရာ၏ ခေါင်းကို လေးချက်ထုခဲ့သောကြောင့် ပန်းရံဆရာ ဦးထွန်းဝင်းသည် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post