• Follow Us on
Latest News

Home ယူကရိန်းပစ်လိုက်တဲ့ ATACMS ဒုံးကျည်တွေကို ပစ်ချခဲ့ကြောင်း ရုရှားပြော

ယူကရိန်းပစ်လိုက်တဲ့ ATACMS ဒုံးကျည်တွေကို ပစ်ချခဲ့ကြောင်း ရုရှားပြော

Share this post

နိုင်ငံတကာ၊ မေ ၂

 

အမေရိကန်ကထောက်ပံ့ထားတဲ့ နည်းဗျူဟာမြောက် ATACMS အတွဲလိုက်ဒုံးကျည်တွေကို ယူကရိန်းနိုင်ငံက ပစ်ခတ်ခဲ့ရာမှာ ဒုံးကျည် ၆ စင်းကို ရုရှားတပ်တွေက ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ဒုံးကျည်တချို့ဟာ ပင်လယ်နက်ထဲ ကို ထိုးကျသွားခဲ့ကြောင်း ခရိုင်းမီးယားသိမ်းပိုက်ခံနယ်မြေက ရုရှားအရာရှိတွေက ပြောပါတယ်။

 

ယူကရိန်းက လပေါင်းများစွာတောင်းဆိုနေတဲ့ အင်အားပိုပြင်းတဲ့ လက်နက်တွေကို ယူကရိန်းနိုင်ငံကို ပို့ဆောင် ပေးခဲ့ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။ နေရာအတိအကျမပြောပေမဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ATACMS ဒုံးကျည် ၆ စင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ပစ်ချလိုက်တဲ့အထဲက ဒုံးကျည်တစ်စင်းဟာ ခရိုင်းမီးယားကျွန်းဆွယ်ပေါ်မှာရှိတဲ့ ဆင်ဖာရိုပိုလ်မြို့ပြင်ဘက်က ဒွန်စကိုရီကျေးရွာအနီးမှာ ထိုးကျသွားခဲ့ကြောင်း ခရိုင်းမီးယားကျွန်းဆွယ်က ရုရှားခန့်ထားတဲ့ အကြီးအကဲ ဆာဂျီအက်စ်ယိုနော့ဗ်က ပြောပါတယ်။

 

“ATACMS ဒုံးကျည်တစ်စင်း ပျက်ကျသွားတဲ့အချိန်မှာ မပေါက်ကွဲသေးတဲ့ အပိုင်းအစတွေ ပြန့်ကျဲပြီး ကျလာပါ တယ်။” လို့ ဆာဂျီအက်စ်ယိုနော့ဗ်က တယ်လီဂရမ်မှာရေးသားထားပါတယ်။

 

“တကယ်လို့ အဲဒီလို လက်နက်မျိုးတွေ့ခဲ့တယ်ဆိုရင် သွားမကောက်ပါနဲ့။ ဒုံးကျည်အနားကိုလည်း မသွားပါနဲ့။ အရေးပေါ်ဌာနကို ဖြစ်ဖြစ် ရဲတပ်ဖွဲ့ထံကို ဖြစ်ဖြစ် ဖုန်းဆက် သတင်းပို့ပါ။” လို့ ၎င်းက ပြောပါတယ်။

 

ဒုံးကျည်ကြောင့် ခရိုင်းမီးယားကျွန်းဆွယ်ပေါ်မှာ ထိခိုက်ပျက်စီးမှုတွေရှိမရှိကိုတော့ ရုရှားအစိုးရက မပြောပါဘူး။ ခရိုင်းမီးယားကျွန်းဆွယ် မြောက်ပိုင်းမှာတော့ ဆင်ဖာရိုပိုလ်မြို့နဲ့ ဒီဇန်ကွိုင်မြို့မှာ လေကြေင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ တပ်ဖြန့်ချထားကြောင်း ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းတောင်ပိုင်းက အရာရှိတစ်ဦးက အစော ပိုင်းက ပြောပါတယ်။

 

ရုရှားကျူးကျော်စစ်နှစ်နှစ်အတွင်း ယူကရိန်းနိုင်ငံက ခရိုင်းမီးယားကျွန်းဆွယ်ကို ပုံမှန် တိုက်ခိုက်ခဲ့ပေမဲ့ အင်္ဂါနေ့ (ဧပြီ ၃၀ ရက်နေ့) တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

 

ယူကရိန်းနိုင်ငံအတွက် ATACMS ဒုံးကျည်တွေကို ဖေဖော်ဝါရီလအတွင်းက တင်ပို့ပေးခဲ့ပြီးဖြစ်ကြောင်း အမေရိ ကန်အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။

 

အမေရိကန်လွှတ်တော်ထဲမှာ လပေါင်းများစွာ ပိတ်ဆို့ထားပြီးနောက် ပြန်လည်လမ်းပွင့်လာပြီး သမ္မတဂျိုးဘိုင် ဒန် သဘောတူခွင့်ပြုလိုက်တဲ့ လက်နက်သစ်တွေ ရောက်လာမှာကို လက်ရှိအချိန်မှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေက စောင့်မျှော်နေပါတယ်။

 

Ref: Russia Says Shot down US-Made ATACMS Launched by Ukraine

 

#PeopleMedia


Share this post