• Follow Us on
Latest News

Home တောတွင်းစစ်ဆင်ရေးတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အမေရိကန်ကြည်းတပ်ကို တိုက်တွန်း

တောတွင်းစစ်ဆင်ရေးတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အမေရိကန်ကြည်းတပ်ကို တိုက်တွန်း

Share this post

နိုင်ငံတကာ၊ မေ ၂

 

အင်ဒို-ပစိဖိတ်ဒေသက ခြိမ်းခြောက်မှုတွေ မြင့်တက်လာကြောင့် အမေရိကန်ကြည်းတပ်အနေနဲ့ ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေအတွက် ကြမ်းတမ်းလှတဲ့ တောတွင်းတိုက်ပွဲစိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားရမှာဖြစ် ကြောင်း The Defense Post မှာ ရေးသားထားပါတယ်။

 

ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဆင်ရေးသင်ခန်းစာတွေကို ထုတ်နုတ်ပြီး အမေရိကန်ကြည်းတပ်အသင်း (AUSA) က ပုံနှိပ်ထုတ်ဝေလိုက်တဲ့ စာတမ်းအသစ်တစ်ခုမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။

 

အပူပိုင်းဒေသပတ်ဝန်းကျင်မှာ စစ်ပွဲရဲ့ နည်းဗျူဟာနဲ့ စစ်ဆင်ရေးအဆင့်တွေအတွက် သီးသန့် အကျိုးသက် ရောက်မှုတွေရှိကြောင်း အဆင့်မြင့်စစ်ပညာလေ့လာရေးကျောင်းက သင်တန်းသားတစ်ဦးဖြစ်ပြီး “တောတွင်း က ပြန်လည်ကြိုဆိုပါတယ်” စာတမ်းကို ရေးသားခဲ့သူ ဗိုလ်မှူးကားလ်ရပ်ချ်က ပြောပါတယ်။

 

မြေပြင်အခြေပြု ပထဝီဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေတွေထဲမှာ တောတွင်းအခြေအနေဟာ ပြောင်းလဲမှုအ များဆုံးရှိတဲ့ အခြေအနေဖြစ်ပြီး အဲဒီတောတွင်း အခြေအနေတွေနဲ့ အထူးလေ့ကျင့်ထားတဲ့ တပ်ဖွဲ့ဝင်တွေမှသာ အဲဒီတောတွင်း အကန့်အသတ်နယ်နိမိတ်ထဲမှာ အောင်မြင်စွာစစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့ အခွင့်အရေးရှိမှာ ဖြစ်ကြောင်း ဗိုလ်မှူးရပ်ချ်က ပြောပါတယ်။

 

ဆိုးရွားလွန်းလှတဲ့ ရာသီဥတုဒဏ်၊ အကန့်အသတ်ရှိတဲ့နယ်နိမိတ်နဲ့ ရောဂါဘယဒဏ်ထူပြောမှုတွေကြောင့် အပူပိုင်းမိုးသစ်တောတွေဟာ အလွန်ကြမ်းတမ်းတယ်လို့ ဆိုပါတယ်။

 

“နည်းပညာတွေ အဆင့်မြင့်ပေမဲ့လည်း တောထူပြီး လိုအပ်ချက်တွေများပြားလှတဲ့ တောတွင်းအခြေအနေကို ရင်ဆိုင်ဖို့အတွက် အထူးကျွမ်းကျင်မှုနဲ့ ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။” လို့ ဗိုလ်မှူးရပ်ချ်က ပြောပါတယ်။

လိုအပ်တဲ့လေ့ကျင့်မှုတွေမရှိတဲ့ စစ်သည်တွေနဲ့အတူ ဒုတိယကမ္ဘာစစ်အတွင်းက နယူးဂီနီစစ်ဆင်ရေးမှာ တော အုပ်ထဲကို ဝင်သွားခဲ့တဲ့ အမေရိကန် အမှတ် ၃၂ ခြေလျင်တပ်ရင်းရဲ့ အတွေ့အကြုံတွေကို ကိုးကားပြီး အဲဒီစာ တမ်းထဲမှာ ဖော်ပြထားပါတယ်။

 

အဲဒီတပ်ရင်းဟာ တခြားတစ်ဖက်ကမ်းပါးတစ်ခုကိုရောက်ရှိဖို့အတွက် ဒူးခေါင်းလောက်နက်တဲ့ရေထဲမှာတင် နာရီပေါင်းများစွာ ခရီးကြမ်းနှင်သွားလာခဲ့ရတာအပါအဝင် တောတွင်းစိန်ခေါ်မှုတွေကို ဖြတ်သန်းခဲ့ရပါတယ်။

 

အဲဒီအချိန်က တောတွင်းစစ်ဆင်ရေးမှာ အခက်အခဲတွေကြုံတွေ့ခဲ့ရပေမဲ့လည်း အဲဒီတပ်ရင်းရဲ့ ပထမဦးဆုံး မြေ ပြင်တိုက်ပွဲကို ဒုတိယဗိုလ်မှူးကြီး ရောဘတ်အိုက်ခိုဘာဂါဦးဆောင်ပြီး အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။

 

“သမိုင်းတစ်လျှောက် အမေရိကန်တွေ တွေ့ကြုံခဲ့တဲ့ သင်ခန်းစာတွေထက်ကျော်လွန်ပြီး အဲဒီတောတွင်း အခြေ အနေတွေက ဒေသတွင်း ဗဟုသုတနဲ့ အတွေ့အကြုံကင်းမဲ့မှုတွေကို အခွင့်ကောင်းယူခဲ့ပါတယ်။ နယူးဂီနီ စစ် ဆင်ရေးမှာ လေ့လာသင်ယူခဲ့တဲ့သင်ခန်းစာတွေက အနာဂတ်စစ်ပွဲတွေမှာ အသုံးချနိုင်ပါတယ်။” လို့ ဗိုလ်မှူး ရပ်ချ်က ပြောပါတယ်။

 

Ref: US Army Urged to Prepare for Jungle Warfare

 

#PeopleMedia


Share this post