• Follow Us on

Home ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် သံအမတ်ဟောင်း မားရစ် နာမည်ထွက်နေ

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် သံအမတ်ဟောင်း မားရစ် နာမည်ထွက်နေ

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၉

 

ရာထူးကနုတ်ထွက်သွားတဲ့ ပန်းပရီးဘဟစ်ဒါနူကာရာနေရာမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနဲ့ ရင်းနှီးသူလို့ လူသိများတဲ့ သံမတ်ဟောင်း မားရစ်ဆန်းဂျီယန်ပေါင်ဆာက ဆက်ခံ သွားမှာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

 

အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုအရ ပန်းပရီးကို ဒုတိယဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားလိုက်ချိန်မှာ တနင်္ဂနွေနေ့ က ပန်းပရီးက နိုင်ငံခြားရေးဝန်ကြီးအဖြစ်က နုတ်ထွက်သွားတာဖြစ်ပါတယ်။

 

ပန်ပရီးနေရာကိုဆက်ဆံမယ့်သူကို ဝန်ကြီးချုပ်ဆရက်ထာက ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ သံတမန်လုပ်ငန်း အတွေ့အကြုံရင့်ကျက်သူဖြစ်ပြီး နောက်ကွယ်ကနေ ဖီယူတိုင်းပါတီအတွက် နှစ်ပေါင်းများစွာအလုပ်လုပ်နေသူ ဖြစ်တယ်လို့ ပြောပါတယ်။

 

အဲဒီမှတ်ချက်စကားကြောင့် နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် သံအမတ်ဟောင်း မားရစ်ကို ခန့်အပ်သွားမယ်လို့ ခန့်မှန်းနေကြပါတယ်။

 

မားရစ်ဟာ မစ္စတာပန်းပရီးနိုင်ငံခြားရေးဝန်ကြီးလက်ထက်မှာ အကြံပေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၎င်းဟာ သြစတေးလျ၊ နီပေါအပါအဝင် နိုင်ငံပေါင်းလေးငါးနိုင်ငံမှာ ထိုင်းသံအမတ်ကြီးအဖြစ်လည်းတာ ဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

 

သက်ဆင်ရဲ့ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်းယဉ်လတ်ရှင်နာဝပ်ထရာလက်ထက်မှာ မားရစ်ကို ဗာနိုအာတူ နိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ် အဖြစ်ခန့်အပ်ခဲ့ပါတယ်။

 

၁၉၉၄ ခုနှစ် ချွန်လိပိုင်အစိုးရလက်ထက် သက်ဆင်ရှင်နာဝပ်ထရာကို နိုင်ငံခြားရေးဝန်ကြီးခန့်အပ်လိုက်တဲ့အ ချိန်ကတည်းက မားရစ်ဟာ သက်ဆင်နဲ့ ရင်းနှီးသူအဖြစ် လူသိများပါတယ်။

 

ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်နိုင်တဲ့ တခြားယှဉ်ပြိုင်ဘက်ဖြစ်တဲ့ ဖီယူထိုင်းပါတီရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ ဖီယယူထိုင်းပါတီအမတ် ဆိုရာဝေါင်းသီယန်သောင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း နုတ်ပါဒိုလ်ပတ္တမာတို့လည်း နာမည်ထွက်နေတယ်လို့ ဆိုပါတယ်။

 

နိုင်ငံခြားရေးဝန်ကြီးအသစ်ကို ဝန်ကြီးချုပ်ဆရက်ထာကိုယ်တိုင်ရွေးချယ်မှာဖြစ်ပြီး ဘယ်သူဖြစ်မလဲဆိုတာတော့ မသိဘူးလို့ ဆိုရာဝေါင်းက ပြောပါတယ်။

 

Ref: Former ambassador Maris tipped as new Thai foreign minister

 

#PeopleMedia


Share this post