• Follow Us on

Home ပန်းပရီးနုတ်ထွက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးအသစ်ကို ရွေးချယ်ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာ ပြော

ပန်းပရီးနုတ်ထွက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးအသစ်ကို ရွေးချယ်ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာ ပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၉

 

အစိုးရအဖွဲ့ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုအရ ဒုတိယဝန်ကြီးချုပ်ရာထူးက ဖယ်ရှားလိုက်တဲ့အတွက် နိုင်ငံခြားရေး ဝန်ကြီးရာထူးကနေ တနင်္ဂနွေနေ့က နုတ်ထွက်သွားတဲ့ ပန်းပရီးဘဟစ်ဒါနူကာရာနေရာကို အစားထိုးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးကို ရွေးချယ်ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က တနင်္လာနေ့ (ဧပြီလ ၂၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အသစ်ခန့်အပ်မယ့် နိုင်ငံခြားရေးဝန်ကြီး ဖီယူထိုင်းပါတီရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်ပြီး နောက်ကွယ်က အ လုပ်လုပ်နေတဲ့သူတစ်ဦးဖြစ်တယ်ဆိုတာ ကလွဲလို့ အဲဒီပုဂ္ဂိုလ်ရဲ့နာမည်ကို ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြား ခြင်းမရှိပါဘူး။

 

အသစ်ခန့်အပ်မယ့် နိုင်ငံခြားရေးဝန်ကြီးအနည်စာရင်းကို ထိုင်းဘုရင်မင်းမြတ်ထံ မတင်ပြခင်မှာ အဆိုပါပုဂ္ဂိုလ် ရဲ့ အရည်အချင်းတွေကို စစ်ဆေးသွားမှာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

အစိုးရအဖွဲ့ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာပြီးတဲ့အချိန်မှာ ဝန်ကြီးချုပ်ရဲ့ ဖီယူထိုင်းပါတီဝင်တစ်ဦးဖြစ်သူ မစ္စတာပန်းပရီးက အစိုးရအဖွဲ့ အံ့အားသင့်အောင် ပြုလုပ်လိုက်ပါတယ်။

 

အစိုးရဖွဲ့စည်းပုံအသစ်အရ မစ္စတာပန်းပရီးကို ဒုတိယဝန်ကြီးချုပ်ရာထူးက ဖယ်ရှားလိုက်ပေမဲ့ နိုင်ငံခြားရေးဝန် ကြီးအဖြစ် ဆက်လက်ခန့်အပ်ထားဆဲဖြစ်ပါတယ်။

 

ဒါပေမဲ့ မစ္စတာပန်းပရီးဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်က နုတ်ထွက်ခွင့်ပြုဖို့ တနင်္ဂနွေနေ့က နုတ်ထွက်ခွင့်တင် ခဲ့ပါတယ်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျက်ကရာပေါင်ဆမ်းဆမီးကို ဝန်ကြီးချုပ်ရုံးကို ပြောင်းရွှေ့လိုက်ပြီး နောက် နိုင်ငံ ခြားရေးရာအားလုံးကို မစ္စတာပန်းပရီးရဲ့ ထိန်းချုပ်မှုအောက်ကို လွှဲပြောင်းပေးလိုက်တာ ဖြစ် ကြောင်း ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

မစ္စတာပန်းပရီးအခုလို ရာထူးကနေ နုတ်ထွက်မယ်လို့ မျှော်လင့်မထားကြောင်း၊ အစိုးရအဖွဲ့အပြောင်းအလဲ ကြောင့် မစ္စတာပန်းပရီး မကျေမနပ်ဖြစ်ခဲ့ရင် တောင်းပန်ကြောင်း မစ္စတာဆရက်ထာက ပြောပါတယ်။

 

ပန်းပရီးက နုတ်ထွက်ခွင့်ကို ရုတ်တရက်တင်လိုက်ပြီးနောက် မစ္စတာ ဖမ်သမ်ဝီချာယာချိုင်းကို နိုင်ငံခြားရေးဝန် ကြီးဌာန ခေတ္တနိုင်ငံခြားရေးဝန်ကြီးအဖြစ် ဝန်ကြီးချုပ်ဆရက်ထာက ခန့်အပ်လိုက်ပါတယ်။

 

Ref: New foreign minister selected after Parnpree quit

 

#PeopleMedia


Share this post