• Follow Us on
Latest News

Home ထိုင်းလေတပ်က F-16 ဂျက်တိုက်လေယာဉ်တွေ ထိုင်း-မြန်မာ နယ်စပ်မှာ ကင်းလှည့်ပျံသန်းနေ

ထိုင်းလေတပ်က F-16 ဂျက်တိုက်လေယာဉ်တွေ ထိုင်း-မြန်မာ နယ်စပ်မှာ ကင်းလှည့်ပျံသန်းနေ

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၁

 

တော်ဝင်ထိုင်းလေတပ် (RTAF) ဟာ မြန်မာနို်င်ငံထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စောင့်ကြည့်လေ့လာ ဖို့အတွက် ထိုင်း-မြန်မာ နယ်စပ်ဒေသ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင် ထိုင်းလေပိုင်နက်ထဲကို F-16 ဂျက်တိုက် လေယာဉ်နှစ်စင်း စေလွှတ်လိုက်ကြောင်း ဧပြီလ ၁၀ ရက်နေ့က Facebook လူမှုကွန်ရက်ပို့စ်တစ်ခုမှာ တင်ထား ပါတယ်။

 

ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမဲဆောက်မြို့နဲ့ ၅ ကီလိုမီတာဝေးကွာတဲ့ မြဝတီမြို့က ကရင်သူပုန် တွေကို တိုက်ခိုက်ဖို့ မြန်မာ့တပ်မတော်က ရုရှားထုတ် MiG-29 ဂျက်တိုက်လေယာဉ်တွေ စေလွှတ်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ တော်ဝင်ထိုင်းလေတပ်က အခုလို F-16 ဂျက်တိုက်လေယာဉ်တွေစေလွှတ်ခဲ့တာဖြစ်ပါတယ်။

 

ဗုဒ္ဓဟူးနေ့က မြဝတီမြို့အနီး ကရင်သူပုန်အဖွဲ့ဝင်တွေကို MiG-29 ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲသံတွေကို ထိုင်းနိုင်ငံဘက်က အတိုင်းသားကြားနေရတယ်လို့ ဆိုပါတယ်။

 

နခုန်ဆာဝန်ပြည်နယ် ထာခလီးလေတပ်စခန်းက ပျံတက်သွားတဲ့ F-16 ဂျက်တိုက်လေယာဉ်နှစ်စင်းဟာ ဒေသ ခံပြည်သူတွေရဲ့လုံခြုံရေးနဲ့ နိုင်ငံရဲ့ လေပိုင်နက် အချုပ်အခြာကို ကာကွယ်ဖို့အတွက် ထိုင်း-မြန်မာ နယ်စပ်တစ် လျှောက် ကင်းလှည့်သွားမှာဖြစ်တယ်လို့ RTAF က ပြောပါတယ်။

 

MiG-29 ဂျက်တိုက်လေယာဉ်တွေဟာ အခုအချိန်အထိ ထိုင်းလေကြောင်းပိုင်နက်ထဲကို ချိုးဖောက်ဝင်ရောက် လာခြင်းမရှိသေးကြောင်း RTAF က ပြောပါတယ်။

 

မူလက မြန်မာ့တပ်မတော်က ထိန်းချုပ်ထားတဲ့ မြဝတီမြို့ဟာ တနင်္ဂနွေနေ့ညမှာ KNU နဲ့ မဟာမိတ်တပ်ဖွဲ့တွေ လက်ထဲကို ကျရောက်သွားပြီဖြစ်တယ်လို့ The Nation က ပြောပါတယ်။

 

ကရင်သူပုန်တွေက စစ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်ရာမှာ မြန်မာ့တပ်မတော်သား ၆၀၀ ကျော် လက်နက် ချဲခဲ့တယ်လို့ ဆိုပါတယ်။

 

မြဝတီမြို့နယ်ထဲက ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို ထိုင်းနိုင်ငံ မဲဆောက်ကနေ လေ ကြောင်းခရီးစဉ်နဲ့ ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာ နစက အစိုးရက ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: RTAF planes patrolling Thai airspace above Tak province

 

#PeopleMedia


Share this post