• Follow Us on
Latest News

Home ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ၊ PDF နဲ့ NUG ကို မထောက်ခံကြောင်း ဒေါ်အောင် ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ၊ PDF နဲ့ NUG ကို မထောက်ခံကြောင်း ဒေါ်အောင် ဆန်းစုကြည်ပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၂

 

ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းဟာ ဇူလိုင်လ ၉ ရက်နေ့ (တနင်္ဂနွေနေ့) က မြန်မာနိုင်ငံက ဒေါ် အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း ယုံကြည်ရလောက်တဲ့သတင်းရင်းမြစ် တစ်ဦးက PanOrient News သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံ ဂျကာကာမြို့မှာ အာဆီယံအစည်းအဝေးမကျင်းပမီ တစ်ရက်အလိုမှာပဲ အခုသတင်းထွက်ပေါ် လာခဲ့တာဖြစ်ပြီး ဒီသတင်းကို တရားဝင်ကြေညာထုတ်လွှင့်ခဲ့ခြင်းမရှိပါဘူး။

 

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ်ကစပြီး နိုင်ငံ့ခေါင်းဆောင်သဖွယ်သတ်မှတ်ထားတဲ့ နိုင်ငံတော်အတိုင် ပင်ခံရာထူးအပါအဝင် အစိုးရရာထူးသုံးလေးခုလောက်ကို ရယူထားသူဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဖြုတ်ချပြီး ဖမ်းဆီးထောင်ချခဲ့ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါ် PDF တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရခေါ် NUG အစိုးရကို အသိအမှတ်ပြုထောက်ခံခြင်းမရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

 

PDF လက်နက်ကိုင်အဖွဲ့နဲ့ NUG ပြည်ပြေးအစိုးရအဖွဲ့ကို အနောက်နိုင်ငံရဲ့ထောက်ပံ့မှုတွေနဲ့ အပြစ်မဲ့ပြည်သူ တွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် လက်ရှိမြန်မာအစိုးရက စွပ်စွဲထားပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ လက်ရှိ အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေးကို ဦး စားပေးဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမတ်ဝီနိုင်းတို့ တွေ့ဆုံခဲ့တဲ့အတွက် အကျိုးသက် ရောက်မှုက မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းရာမှာ သိသိသာသာတိုးတက်မှုရှိလာနိုင်သလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ဇွန်လအတွင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကို အိမ်ရှင်အဖြစ်လက်ခံပြီး အလွတ်သ ဘောကျင်းပခဲ့သလို အဲဒီဆွေးနွေးပွဲကို လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့ က ကိုယ်စားလှယ်တွေနဲ့အတူ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေလည်းတက်ရောက်ခဲ့ပါတယ်။

 

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂၀၀၀ ကျော် နယ်စပ်ဒေသချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ တင်းမာမှုတွေမြင့်တက်လာဖို့ အကျပ်အတည်းတွေကို ခွင့်ပြုလိုက်မယ်ဆိုရင် ထိုင်းနိုင်ငံအ ပေါ်အများဆုံး ထိခိုက်လာမှာပဲဖြစ်ပါတယ်။ အာဆီယံအဖွဲ့ထဲက ဘယ်နိုင်ငံကမှ ထိုင်းနိုင်ငံလောက် အဲဒီအကျပ် အတည်းတွေကို အဆုံးသတ်သွားစေမယ့်နည်းလမ်းတွေကိုရှာဖွေဖို့အရေး စိတ်ဝင်စားမှာ မဟုတ်ပါဘူး။” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရာမတ်ဝီနိုင်းက ပြောပါတယ်။

 

Ref: Thai foreign minister met Myanmar’s imprisoned Aung San Suu Kyi: PanOrient News

 

#PeopleMedia


Share this post