• Follow Us on

Home ပြင်ဦးလွင်မြို့တွင် မွေးကင်းစကလေးငယ်တစ်ဦး အနှီးမပါဘဲစွန့်ပစ်ခံရ

ပြင်ဦးလွင်မြို့တွင် မွေးကင်းစကလေးငယ်တစ်ဦး အနှီးမပါဘဲစွန့်ပစ်ခံရ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၁၁ ရေငယ် ခရေလမ်းတွင် ချက်ကြိုး တန်းလန်းဖြင့် အနှီးမပါသည့် မွေးကင်းစကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်သွားကြောင်း သိရသည်။

 

ဇူလိုင်လ ၁၂ နာရီကျော်တွင် မွေးကင်းစကလေးငယ်တစ်ဦးကို အနှီးမပါဘဲလမ်းပေါ်တွင် ချက်ကြိုးတန်းလန်း ဖြင့် လာရောက်စွန့်ပစ်ထားသည့် ကလေးငယ်ကို ထိုအနီးနားတွင်ရှိသည့် နေအိမ်တစ်လုံးမှ ကလေးငိုသံကြား သောကြောင့် ထွက်ကြည့်ရာတွင် လမ်းဘေးတွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ ကြောင်း သိရသည်။

 

“အနှီးလေးတော့ထုတ်ပြီး ပစ်လေ။ ခုတော့ အနှီးမပါကိုယ်လုံတိနဲ့ မိုးရာသီမှာ ကလေးဘယ်လောက်ထိ အေး လိုက်မလဲ လက်တွေတောင် ပြာလို့အေးလို့အော်နေရှာတာ။ ကျောက်ခဲတွေက ခန္တာကိုယ်မှာကပ်လို့ ဘယ် လောက်နာလိမ့်မလဲ။ မစဉ်းစားဘူးလား၊ မိခင်ဝမ်းထဲ ထွက်ထွက်ခြင်း ဘယ်လောက်အေးမလဲ ရင်နာလိုက်တာ သားရဲ့အနှီးတွေရှိသေးလို့တော်သေးတယ။် အနှီးထုတ်တာနဲ့ တိတ်သွားတာ ကလေးလေး။ ဆေးခန်းပြေး ချက်ကြိုးဖြတ် မိခင်ဖြစ်တဲ့ကိုတော့ မနေနိုင်လို့နို့တိုက် တွေ့တွေ့ခြင်းနို့တိုက်ပေမဲ့ချွဲတွေမထုတ်ရသေးတော့ မစို့နိုင်ဆေးခန်းပြန်လာကြမှပဲ နို့စို့ပြီး အိပ်သွားတယ်” လို့ ကလေးအား ကယ်ဆယ်သည့် အမျိုးသမီးတစ်ဦးမှ လူမှုကွန်ယက်ပေါ်တွင် ဖော်ပြထားသည်။

 

ထိုစွန့်ပစ်ခံရသည့် ကလေးမှာ ယောကျာ်းလေးဖြစ်ပြီး ၃.၇ အောင်စရှိကြောင်း ကလေးမှာအသက်ရှင်သန်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#Newvisionmedia


Share this post