• Follow Us on
Latest News

Home ဒုံးစမ်းသပ်မှုများကို ကုလတွင် အကျယ်တ၀င့်မလုပ်ရန် အမေရိကန်နှင့် ၄င်းမဟာမိတ်များကို မြောက်ကိုရီးယားသတိပေး

ဒုံးစမ်းသပ်မှုများကို ကုလတွင် အကျယ်တ၀င့်မလုပ်ရန် အမေရိကန်နှင့် ၄င်းမဟာမိတ်များကို မြောက်ကိုရီးယားသတိပေး

Share this post

မြောက်ကိုရီးယားနိုင်ငံရဲ့ မစ်ဇိုင်းစမ်းသပ်မှုတွေကို ကုလလုံခြုံရေးကောင်စီမှာ အရေးတယူလုပ်နေတာက မိမိတို့အနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအား ကာကွယ်လိုစိတ်ကို ပိုပြီးမြင့်တက်လာစေတယ်လို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်က ရေငုပ်သင်္ဘောက ပစ်လွှတ်တဲ့ ပဲ့ထိန်းမစ်ဇိုင်းသစ်ကို စမ်းသပ်ခဲ့ပြီးဖြစ်ကြောင့် ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့မှာ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံရဲ့ တံခါး ပိတ်ဆွေးနွေး ပွဲပြုလုပ်ခဲ့ပါတယ်။ အခုလို အစည်းအဝေးပြုလုပ်ဖို့ ဂျာမနီက တောင်းဆိုခဲ့တာဖြစ်ပြီး ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ကလည်း ထောက်ခံခဲ့ကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ကုလသံအမတ် ကင်ဆုံက ၄င်းတို့ရဲ့ နိုင်ငံလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ကုလမှာ အရေးတယူအစည်းအဝေးလုပ်နေတာက မိမိတို့ရဲ့ နိုင်ငံအပေါ်ကာကွယ်လိုစိတ်ကို ပိုပြီး မြှင့်တက်လာစေလိမ့်မယ်ဆိုတာကို အမေရိကန်နဲ့ ၄င်းရဲ့ မဟာမိတ်တွေ နားလည်သင့်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီယားအနေနဲ့ ရှေ့ဆက် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတွေပြုလုပ်ရန်ရှိမရှိ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ အနာဂတ် ၄င်းတို့ရဲ့ လုပ်ဆောင်မှုတွေကို ဆက်လက် စောင့်ကြည့်စေလိုကြောင်းနဲ့ ယင်းသို့ ဆိုခြင်းမှာ ဒုံးကျည်များ ဆက်လက်စမ်းသပ်မယ်လို့ မဆိုလိုကြောင်း ကင်ဆုံက ဖြေကြားခဲ့ပါတယ်။

Ref; CNA


Share this post