• Follow Us on

Home တေးသံရှင်ဖြိုးပြည့်စုံနှင့်တေးရေးဆရာ နှစ်ဦးး ကတ်တမင်းဆေးပြား ၁၁ ပြားနှင်အတူ ဖမ်းမိ

တေးသံရှင်ဖြိုးပြည့်စုံနှင့်တေးရေးဆရာ နှစ်ဦးး ကတ်တမင်းဆေးပြား ၁၁ ပြားနှင်အတူ ဖမ်းမိ

Share this post

ရန်ကုန်၊ အောက်တိုဘာ – ၈

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ (၅း၃၀) အချိန်၌ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက် မြန်မာပလာဇာရှိ Gloria Jean’s ကော်ဖီဆိုင်၌ ရဲတပ်ဖွဲ့ဝင်များ ဦးစီးပူးပေါင်းအဖွဲ့ သည် သတင်းအရ စောင့်ဆိုင်းနေစဉ် ဖြိုးပြည့်စုံ(၃၂)နှစ်၊ ရော်နီစန်းလွင်(၃၂)နှစ်နှင့် ငြိမ်းချမ်း ကို(၂၄)နှစ်တို့ ရောက်ရှိလာခဲ့သည်။

၎င်းတို့ ၃ ဦးအား မြန်မာပလာဇာရှေ့တွင် ရပ်ထားသည့် ဖြိုးပြည့်စုံ ပိုင် 3D/×××× Toyota Harrier ယာဉ်နှင့်အတူ အုပ်ချုပ်ရေးမှူးရုံသို့ ထိန်းသိမ်းခေါ်ဆောင်၍ စစ်ဆေးရှာဖွေရာ ယာဉ် နောက်ခန်းထိုင်ခုံပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ Play စာတမ်းပါ ပလပ်စတစ်ဗူးဖြင့် ထည့်ထား သည့် ကတ်တမင်းဆေးပြား ၁၁ ပြား ၄ ဂရမ်အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဖြိုးပြည့်စုံ၊ ရော်နီစန်းလွင်နှင့် ငြိမ်းချမ်းကို(ဖမ်းမိ)တို့ ၃ ဦးအား ဗဟန်း မြို့မရဲစခန်း မယ(ပ)၄၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိသည်။


Share this post