နတ်မောက်မြို့နယ်၊ ဈေးသာကျေးရွာအနီး ကျောက်မီးသွေးတင်ဆောင်လာသည့် တွဲကား တိမ်းမှောက်မှု ဖြစ်ပွား
PUBLISHED - November 18, 2026
နေပြည်တော်၊ နို၀င်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဈေးသာကျေးရွာအနီး ကျောက်မီးသွေးတင်ဆောင်လာသည့် တွဲကား နို၀င်ဘာ ၁၇ရက်နေ့၊ ည ၇နာရီအချိန်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်ရာနေရာသို့ နတ်မောက်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးမလောင်စေရန် အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား စိတ်ဓာတ်ဖြူစင်ဂရုဏာရှင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia