• Follow Us on

Home နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းတက်ရောက်ဖို့ ရွေးချယ်ခံရသူတွေထဲမှာ မစ္စပေထောင်တန်ပါဝင်

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းတက်ရောက်ဖို့ ရွေးချယ်ခံရသူတွေထဲမှာ မစ္စပေထောင်တန်ပါဝင်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၉

 

အရပ်သားအမှုဆောင်အရာရှိတွေအတွက် ထိုင်းနိုင်ငံ နို်င်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ဖွင့်လှစ်မယ့်သင် တန်းအပတ်စဉ် ၁ ကို တက်ရောက်ခွင့်ရသူအမည်စာရင်းထဲမှာ အာဏာရ ဖီယူထိုင်းပါတီခေါင်းဆောင် ပေ ထောင်တန်ရှင်နာဝပ်ထရာပါဝင်ကြောင်း နို်င်ငံတော်ကာကွယ်ရေးတက္ကသိုလ် NDC က အတည်ပြုပြောကြား လိုက်ပါတယ်။

 

လျှောက်ထားသူ ၅၀၀ ကျော်ရှိတဲ့အနက် ၁၅၀ ရွေးချယ်ခဲ့ရာမှာ မစ္စပေထောင်တန်ဟာ အမှတ်စဉ် ၉၇ ကနေ အရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

 

လျှောက်ထားသူတွေရဲ့ အင်တာဗျူးအမှတ်တွေကို အခြေခံပြီး ရွေးချယ်ခဲ့တာဖြစ်ကြောင်း နို်င်ငံတော်ကာကွယ် ရေးတက္ကသိုလ် NDC ကျောင်းအုပ် လေတပ်ဗိုလ်ချုပ်ကြီး ပွမ်းဂျိုင်းပွမ်ဂျိုင်းလိဆန်တာရာကွန်က ပြောပါတယ်။

 

ရွေးချယ်ခံလိုက်ရတဲ့သင်တန်းသား ၁၅၀ ထဲမှာ လူဦးရေ ၅၀ က တပ်မတော်က ဗိုလ်မှူးကြီးတွေနဲ့ ရဲတပ်ဖွဲ့က ထိပ်တန်းအရာရှိတွေဖြစ်ပြီး ကျန်တဲ့ ၁၀၀ ကတော့ နိုင်ငံရေးနယ်ပယ်အပါအဝင် နေရာမျိုးစုံက အရပ်သားတွေ ဖြစ်ကြောင်း၊ သင်တန်းသားတွေရဲ့အသက်ဟာ ၃၅-၄၅ နှစ်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

သင်တန်းတက်ရောက်မယ့်သူတွေထဲမှာ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနူတင်ချန်ဗီရာကူလ်ရဲ့ ဇနီး ဖြစ်သူ သာနာနွန်နီရာမစ်၊ မစ္စပေထောင်တန်ရဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်ပြီး ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ရဲ့ လုပ်ငန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကနာပုံဂျွမ်ရစ်၊ အစိုးရပြောခွင့်ရဒုတိယပုဂ္ဂိုလ် ရဒ်ကလာအိုဆူဝန်ကီရီနဲ့ ဒီမိုက ရက်တစ်ပါတီရဲ့ လွှတ်တော်အမတ် ချိုင်းချာနာ ဒက်ဒါချိုတို့လည်း ပါဝင်ပါတယ်။

 

ထိုင်းနိုင်ငံမှာ mini-NDC course လို့ လူသိများတဲ့ အမှုှဆောင်အရာရှိတွေအတွက် နိုင်ငံတော်ကာကွယ်ရေး သင်တန်းကို အလယ်အလတ်အဆင့်တပ်မတော်အရာရှိတွေ၊ အရပ်ဘက်ဝန်ထမ်းတွေနဲ့ အင်တာနက်သြဇာ လွှမ်းမိုးသူတွေ၊ ရုပ်ရှင်မင်းသား/မင်းသမီးတွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဒီဇိုင်းရေးဆွဲထား တာဖြစ်ပါတယ်။

 

ဒီနိုင်ငံတော်ကာကွယ်ရေးသင်တန်းဟာ ထိုင်းတပ်မတော်ရဲ့ ပါဝါအပျော့ (soft power) ထိုးဖောက်မှုရဲ့ အဓိက အရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

 

ဒီသင်တန်းဟာ မကြာခင်အငြိမ်းစားယူတော့မယ့် အသက် ၅၀ ကျော်တွေအတွက် ရေးဆွဲထားတဲ့ ပုံမှန် NDC သင်တန်းထက် သက်လတ်ပိုင်းလူငယ်တွေကြားကို ပိုမိုဆက်သွယ်ပေးနိုင်မယ့်သင်တန်းလို့လည်း မျှော်လင့် ထားကြပါတယ်။

 

အခုသင်ကြားပို့ချပေးမယ့် mini-NDC programme ဟာ သင်တန်းသားတွေရဲ့ အမျိုးသားလုံခြုံရေး သဘော ပေါက်နားလည်နိုင်မှုစွမ်းရည်၊ ကြောင်းကျိုးဆက်စပ်ဆန်းစစ်လေ့လာနိုင်မှုစွမ်းရည်နဲ့ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့စွမ်း ရည် (critical and analytical skills) တွေကို မြှင့်တင်ပေးသွားဖို့ရော ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ပေး သွားဖို့ပါ ရည်ရွယ်ထားတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

 

မစ္စပေထောင်တန်အနေနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးတာဝန်တွေကို ပိုမိုနားလည်သဘောပေါက်လာလိမ့်မယ် လို့ ထိုင်းတပ်မတော်က မျှော်လင့်ထားကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Military’s elite study course welcomes Paetongtarn

 

#PeopleMedia


Share this post