• Follow Us on

Home မလှိုင်မြို့တွင် ဘုန်းကြီးမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့တိုက်ရာ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် သူနာပြုအကူတစ်ဦး သေဆုံး

မလှိုင်မြို့တွင် ဘုန်းကြီးမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့တိုက်ရာ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် သူနာပြုအကူတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ မိတ္ထီလာ – မလှိုင်ကားလမ်း၊ ထွန်းညိုလူတိုးဂိတ်အနီးတွင် ဘုန်းကြီးမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ တိုက်မိရာ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် သူနာပြုအ ကူတစ်ဦးတို့ သေဆုံးသွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည်ခင်းအချိန်တွင် သာသနာလိုင်းစင်ပါသည့် ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ တိုက်မိရာ မော်တော်ဆိုင်ကယ်မောင်းနှင်သည့် တက္ကသိုလ်ကျောင်းသားတစ်ဦးအတူ လိုက်ပါလာသည့် သူနာပြုအကူသင်းတန်းဆင်းသည့် မိန်းကလေးငယ်တို့ သေဆုံးသွားကြောင်း သိရသည်။

 

ထိုအခင်းနေရာတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးမှာ သေဆုံးသွားကြောင်း၊ ဒဏ်ရာပြင်းထန်ရရှိသည့် အသက်(၁၈) နှစ်အရွယ် မနေခြည်ကျော်ကို ဒေသခံလူမှုကူညီရေးအသင်းမှ ဆေးရုံသို့ပို့ဆောင်စဉ် မန္တလေး အမြန်လမ်း ပျော်ဘွယ်မြို့တွင် သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါသေဆုံးသည့် မနေခြည်မှာ ရန်ကုန်မြို့ ပုဂ္ဂလိကသူနာပြုအကူဖြင့် သင်တန်းဆင်းပြီး အလုပ်ဝင် လုပ်နေ သူတစ်ဦးဖြစ်၍ မိဘများမှာ လွန်ခဲ့သောရက်ပိုင်းက သမီးဖြစ်သူကို နေအိမ်သို့ပြန်ေ ခါ်သောကြောင့် မိဘအိမ်သို့ ပြန်ရာတွင် လမ်း၌မော်တော်ယာဉ်နှင့်၎င်းတို့စီးနှင်သည့် မော်တော်ဆိုင်ကယ်တိုက်မိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post