နိုင်ငံတော်သမ္မတထံ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် လာရောက်တွေ့ဆုံပြီး၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ အစိုးရများအချင်းချင်း၊ ပြည်သူများအချင်းချင်းဆက်ဆံရေးနှင့် ကူးလူးဆက်ဆံမှုများ ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ ဆွေးနွေး
PUBLISHED - November 20, 2026
နေပြည်တော်၊ နိုဝင်ဘာ ၂၀
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandeyက ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဘင်းမ်းစတက်အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံအချင်းချင်း နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုများကောင်းမွန်သည့်အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းရယူထမ်းဆောင်ရမည်ဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအနက် ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သော နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးဒဏ်ကာကွယ်တားဆီးရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်သင့်သည့်အခြေအနေများ၊ မကြာမီကျရောက်တော့မည် ဘင်းမ်စတက်အဖွဲ့ တည်ထောင်မှုနှစ် ၃၀ ပြည့်အခမ်းအနား ကျင်းပပြုလုပ်သွားမည့်အခြေအနေများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ အစိုးရများအချင်းချင်း၊ ပြည်သူများအချင်းချင်းဆက်ဆံရေးနှင့် ကူးလူးဆက်ဆံမှုများ ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
#PeopleMedia