• Follow Us on
Latest News

Home နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက်ဦးစားပေးဆောင်ရွက်ရမည့် အသုံးစရိတ်များကိုစိစစ်သုံးစွဲလျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက်ဦးစားပေးဆောင်ရွက်ရမည့် အသုံးစရိတ်များကိုစိစစ်သုံးစွဲလျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ဦးစားပေးဆောင်ရွက်ရမည့် အသုံးစရိတ်များကို စနစ်တကျစိစစ်သုံးစွဲလျက်ရှိကြောင်း၊  နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁  ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အကောင်အထည် ဖော် လျက်ရှိကြောင်း၊ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်နေ စဉ်အတွင်း  ဥပဒေတွင်ပါရှိသည့် ရငွေလျာထား ချက်များအပြင် ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံရရှိနိုင်သည့် ရငွေ များရှိသည်ကိုတွေ့ရကြောင်း၊ အလားတူ ဥပဒေတွင်ပါရှိသည့်  သုံးငွေများအပြင် မဖြစ်မနေ ထပ်မံသုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်များလည်းရှိနိုင်ကြောင်း၊ ထို့ကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွက် ဖြည့် စွက်ခွင့်ပြုငွေကို ခွင့်ပြုနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်ဆင့် စိစစ်ရခြင်းဖြစ်ပြီး တောင်းခံထား သည့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲသွားရမည်ဖြစ်ကြောင်း ပြောသည်။

 

နိုင်ငံတော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရမည့် အသုံးစရိတ်များကို စနစ်တကျစိစစ်သုံးစွဲလျက်ရှိ ကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက် တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေး အသုံးစရိတ်များအပါအဝင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးရမှုများအတွက် အသုံးစရိတ်များကိုလည်း အချိန်နှင့် တစ်ပြေးညီ သင့်လျော်မည့် အသုံး စရိတ်များကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ စားဝတ်နေရေးကို အထောက်အကူပြုစေနိုင်ရန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍  အပိုထောက်ပံ့ကြေး ခံစားနိုင်ရန်ခွင့်ပြုပေးခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ငွေစာ ရင်း၊ မူလခန့်မှန်းခြေငွေစာရင်း အခြေအနေကို ကြည့်ပါက တစ်နိုင်ငံလုံး၏ ဂျီဒီပီ တန်ဖိုးသည် ငွေကျပ်ဘီလီယံပေါင်း ၁၃၈၁၉၅ ဒသမ ၇၀၃ ဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ သာမန် ငွေလုံး ငွေရင်း ကြွေးမြီများနှင့် ပတ်သက်သည့် ပိုငွေ၊ လိုငွေ နှိုင်းယှဉ်ချက်အနေဖြင့် ဂျီဒီပီနှင့် လိုငွေ နှိုင်းယှဉ်ချက် သည် ပမာဏအားဖြင့် ၅ ဒသမ ၆၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းကို သက်ဆိုင်ရာ စိစစ်ရေး အဖွဲ့အဆင့်ဆင့်က စစ်ဆေးပြီးသည့်အခါ  နောက်ဆုံးအနေဖြင့် ကျန်ရှိသည်မှာ ဂျီဒီပီ ပြောင်းလဲမှု မရှိသော် လည်း လိုငွေနှင့် ဂျီဒီပီအချိုးသည် ၅ ဒသမ ၆၅ မှ ၅ ဒသမ ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ကို တွေ့ရှိ ရကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post