• Follow Us on
Latest News

Home ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း သည် နောက် (၂၄) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့အားကောင်းလာနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း သည် နောက် (၂၄) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့အားကောင်းလာနိုင်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း သည် နောက် (၂၄) နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို အားကောင်းလာနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ထုတ်ပြန်ထားသည်။

 

ယနေ့မြန်မာစံတော်ချိန် ၁၂နာရီ ၃၀နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါ အားကောင်း သောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း တဖြည်းဖြည်းအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post