နေပြည်တော်၌ စက်သုံးဆီများတရားမဝင် ရောင်းချနေသူ အမျိုးသားတစ်ဦးအား အမှုဖွင့်အရေးယူ
PUBLISHED - November 25, 2026
နေပြည်တော်၊ နိုဝင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် စက်သုံးဆီများတရားမဝင် ရောင်းချနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် လယ်ဝေးမြို့နယ်၊ ညောင်ကုန်းကျေးရွာနေ ဦးနေသူထက်(၃၃)နှစ်၏ ရွှေအိမ်သူ စာရေးကိရိယာအရောင်းဆိုင်၌ စက်သုံးဆီများ တရားမဝင်ရောင်းချနေကြောင်း သတင်းအရ လယ်ဝေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ စက်သုံးဆီများ တရားမဝင်ရောင်းချနေသူ ဦးနေသူထက်အား လျှပ်စစ်ဆီပန့်စက် တစ်လုံး၊ စက်သုံးဆီ ၁၃ ဂါလန်ခွဲခန့်၊ စက်သုံးဆီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် လယ်ဝေးမြို့မရဲစခန်း(ပ)၂၀၉/၂၀၂၆၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများ ဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#PeopleMedia