• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ပေါင်းတည်မြို့နယ်နှင့် မြိတ်မြို့နယ်တို့၌ KNU/PDF ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံး

ပေါင်းတည်မြို့နယ်နှင့် မြိတ်မြို့နယ်တို့၌ KNU/PDF ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၅

 

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်နှင့်  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တို့၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်များမှာ နိုဝင်ဘာ ၂၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ပေါင်းတည်မြို့နယ်၊ ပေါက်တောကျေးရွာနေ ဦးသိန်းစံ(၆၃)နှစ်သည် ၎င်း၏ လယ်ကွင်းသို့ ကောက်ရိတ်ရန်သွားရောက်စဉ် PDF  အမည်ခံ အကြမ်းဖက်သမားသုံးဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်း‌နေ့၊ နံနက် ၁၀ နာရီတွင် မြိတ်မြို့နယ်၊ ကန်သာယာကျေးရွာနေ ဦးအာကာလင်း(၄၄)နှစ်သည် မြိတ်မြို့မှ ထားဝယ်မြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ပုလော မြို့နယ်၊ ကဒဲကျေးရွာလမ်းဆုံအနီးအရောက် KNU အကြမ်းဖက်အဖွဲ့နှင့်  PDF  အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post