• Follow Us on
Latest News

Home ပုဇွန်တောင်မြို့နယ် CB ဘဏ်ကိုဝင်ရောက်လုယက်သည့် အသက်မပြည့်သေးသည့် လူငယ် (၂) ဦး ဖမ်းဆီးရမိ

ပုဇွန်တောင်မြို့နယ် CB ဘဏ်ကိုဝင်ရောက်လုယက်သည့် အသက်မပြည့်သေးသည့် လူငယ် (၂) ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၁

 

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ CB ဘဏ်ကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ဝင်ရောက်လုယက်သည့် အသက်မပြည့်သေးသည့် လူငယ် (၂) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ CB ဘဏ်အတွင်းသို့ လူငယ်နှစ်ဦးဝင်လာပြီး ပစ္စတိုသေနတ်နှင့် ဓါးမြှောင်ပြ ခြိမ်းခြောက်ကာ ဘဏ်ကောင်တာစားပွဲပေါ်တင်ထားသော ကျပ်သိန်း ၆၅၀ ကို လုယူပြီး ထွက်ပြေးရန်ပြင်ဆင်စဉ် လုံခြုံရေးအဖွဲ့ရောက်ရှိလာပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

လုယက်သူ ၂ ဦးမှာ သူထူးအောင် (၁၅ နှစ်)နှင့် သန့်စင်အောင် (၁၄ နှစ်) (ပုဇွန်တောင်မြို့နယ်နေ) တို့အား ပစ္စတိုသေနတ်အတုတစ်လက်၊ ဓါးမြှောင်နှစ်ချောင်းတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post