• Follow Us on
Latest News

Home ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ

ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

 

ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲ့တပ်ဖွဲ့မှ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့နယ်၊ နဝဒေးတံတားထိပ်တွင် ပြည်ဘက်မှ ပန်းတောင်းဘက်သို့ ယာဉ်မောင်း ဟိန်းပိုင်ဦး (ခ)ကိုပိုင်(ခ)သားညီ မောင်းနှင်လာသည့် ISUZU Light Truck မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ် ပေါ်တွင် အိမ်သုတ်ဆေးပုံးများနှင့် Compressor လေအိုးတို့အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူး သွပ်ဆေးပြား ၁၄ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီခွဲအချိန် ပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပုသိမ် – မုံရွာသွားကားလမ်း၊ မိုင်တိုင်အမှတ်(၂၀၅)အနီးတွင် အောင်ကိုလတ်၊ ဇော်မြင့်(ခ)ရေခဲနှင့် လင်းလင်း ထိုက် တို့ ၃ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄ သိန်း၊ Bighorn မော်တော်ယာဉ်တစ်စီးနှင့် လည်း ကောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်လှ အား မင်းတုန်းမြို့၊ တည်းခိုခန်း၌ လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင် ပြည်နယ်နယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post