• Follow Us on

Home တရုတ်ကိုသတင်းအချက်အလက်တွေပေးပို့ခဲ့တဲ့ သိပ္ပံပညာရှင်နှစ်ဦး ကနေဒါအလုပ်ဖြုတ်

တရုတ်ကိုသတင်းအချက်အလက်တွေပေးပို့ခဲ့တဲ့ သိပ္ပံပညာရှင်နှစ်ဦး ကနေဒါအလုပ်ဖြုတ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၉

 

ကနေဒါနိုင်ငံက အဆင့်မြင့်ကူးစက်ရောဂါဓာတ်ခွဲခန်းမှာ အလုပ်လုပ်နေတဲ့ သိပ္ပံပညာရှင်နှစ်ဦးဟာ လျှို့ဝှက်သ တင်းတွေကို တရုတ်နိုင်ငံကို ပေးပို့ခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ်က ကနေဒါအစိုးရက အလုပ်ဖြုတ်ပစ်ခဲ့ကြောင်း the Globe and Mail သတင်းစာမှာ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်နေ့) က ရေးသားဖော်ပြထားပါတယ်။

 

အဲဒီသိပ္ပံပညာရှင်လင်မယားနှစ်ဦးဟာ ကနေဒါနိုင်ငံရဲ့ စီးပွားရေးလုံခြုံမှုကို ကြောက်မက်ဖွယ်ရာခြိမ်းခြောက်ခဲ့ ကြောင်း ကနေဒါအရာရှိတွေက ပြောပါတယ်။

 

အဲဒီနှစ်ယောက်ကို အလုပ်ထုတ်ပစ်ရတဲ့ နောက်ကွယ်ကအကြောင်းရင်းတွေနဲ့ပတ်သက်ပြီး သတင်းအချက်အ လက်တွေတောင်းဆိုနေတဲ့ အတိုက်အခံလွှတ်တော်အမတ်တွေနဲ့ ကာလရှည် တိုက်ပွဲဝင်ခဲ့ပြီးနောက်မှာ အစိုးရ ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီး ကနေဒါအရာရှိတွေက ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ကနေဒါကျန်းမာရေးဝန်ကြီး မာ့ခ်ဟိုလန်ကတော့ အဲဒီအချိန်က ဓာတ်ခွဲခန်းထဲက လက်မခံနိုင်တဲ့ လုံခြုံရေးဆိုင် ရာအမှားအယွင်းတွေအတွက် ပြစ်တင်ဝေဖန်ခဲ့ပေမဲ့ အမျိုးသားလုံခြုံရေးအတွက် ဘာအန္တရာယ်မှ မရှိကြောင်း ပြောပါတယ်။

 

ရှန်းခိုးချူနဲ့ ၎င်းရဲ့ခင်ပွန်းဖြစ်သူ ကက်ဒီချန်းတို့ကို ၂၀၁၉ ခုနှစ်မှာ ဝင်းနက်ပက်မြို့မှာရှိတဲ့ အမျိုးသားမိုက်ခရို ဇီဝဓာတ်ခွဲခန်းရဲ့ အပြင်ဘက်ကို အစောင့်အရှောက်တွေနဲ့ ခေါ်ထုတ်လာခဲ့ပြီး ၎င်းတို့ရဲ့ လုံခြုံရေးခွင့်ပြုချက် လက်မှတ်တွေကိုလည်း ပယ်ဖျက်လိုက်ပါတယ်။ သူတို့နှစ်ဦးကို ၂၀၂၁ ခုနှစ်မှာ အလုပ်ဖြုတ်ပစ်လိုက်ပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်မှာ ကနေဒါရဲတွေက စုံစမ်းစစ်ဆေးခဲ့ပေမဲ့လည်း ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြော ကြားမှုဟာ သိပ္ပံပညာရှင်နှစ်ဦးအလုပ်ဖြုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပထမဦးဆုံး ထုတ်ဖော်ပြောကြားမှုဖြစ် တယ်လို့ ဆိုပါတယ်။

 

ရှန်းခိုးချူဟာ သိပ္ပံပညာသတင်းအချက်အလက်တွေနဲ့ ပစ္စည်းတွေ တရုတ်ပြည်ကို လွှဲပြောင်းပေးခဲ့တာကို တွေ့ရှိ ရတယ်လို့ ကနေဒါထောက်လှမ်းရေးက ပြောဆိုထားကြောင်း အစိုးရမှတ်တမ်းတွေမှာ ဖော်ပြထားတယ်လို့ the Globe and Mail သတင်းစာက ရေးသားထားပါတယ်။

 

အဲဒီလင်မယားနှစ်ဦး ကနေဒါနိုင်ငံမှာပဲ ဆက်လက်ရှိနေသေးလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရ ပါဘူး။ ဒီသတင်းကြောင့် ကနေဒါနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ အေးခဲနေတဲ့ ဆက်ဆံရေး ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

 

Ref: Canada Fired Two Scientists for Sharing Information with Beijing, Says Paper

 

#PeopleMedia


Share this post