• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ဗဟိုဘဏ်ဥက္ကဋ္ဌ(ငြိမ်း) ဒေါ်သန်းသန်းဆွေ ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များ ပြန်လည်ရုပ်သိမ်းခဲ့ပြီး၊ ညွှန်ကြားရေးမှူးချုပ်သုံးဦးကိုလည်း ရာထူးမှ ထုတ်ပယ်

ဗဟိုဘဏ်ဥက္ကဋ္ဌ(ငြိမ်း) ဒေါ်သန်းသန်းဆွေ ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များ ပြန်လည်ရုပ်သိမ်းခဲ့ပြီး၊ ညွှန်ကြားရေးမှူးချုပ်သုံးဦးကိုလည်း ရာထူးမှ ထုတ်ပယ်

Share this post

နေပြည်တော်၊ နို၀င်ဘာ ၂၈

 

မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ(ငြိမ်း) ဒေါ်သန်းသန်းဆွေအား ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များ ပြန်လည်ရုပ်သိမ်းခဲ့ပြီး၊ ညွှန်ကြား‌ရေးမှူးချုပ် သုံးဦးကိုလည်း ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

 

နိုင်ငံတော်သမ္မတသည် နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့မှ မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ(ငြိမ်း) ဒေါ်သန်းသန်းဆွေအား ချီးမြှင့်အပ်နှင်းခဲ့သည့် စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ၀ဏ္ဏကျော်ထင်ဘွဲ့တို့ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း  မြန်မာနိုင်ငံတော်ပြန်တမ်း အရ သိရသည်။

 

ထိုပြင် ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်၊ မြန်မာနိုင်ငံဗဟိုဘဏ်၊ ငွေရေးကြေးရေးဈေးကွက်၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုဌာနကြီးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ တို့ကိုလည်း နိုင်ငံတော်သမ္မတရုံးမှ  ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။

 

#PeopleMedia


Share this post