• Follow Us on

Home မစ္စတာမားရစ်ခန့်အပ်လွှာကို ထိုင်းဝန်ကြီးချုပ်က ဘုရင်မင်းမြတ်ထံတင်ပြ

မစ္စတာမားရစ်ခန့်အပ်လွှာကို ထိုင်းဝန်ကြီးချုပ်က ဘုရင်မင်းမြတ်ထံတင်ပြ

Share this post

နိုင်ငံတကာ၊ ဧပြီ ၃၀

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်လိုက်တဲ့ မားရစ်ဆန်းဂျီယမ်ပေါင်ဆာရဲ့ အမည်စာရင်းကို ထောက်ခံအတည်ပြုဖို့အတွက် ထိုင်းဘုရင်မင်းမြင်ထံ ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က တင်ပြလိုက်ပါတယ်။

 

အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုအရ ဒုတိယဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံလိုက်ရလို့ တနင်္ဂနွေနေ့က နုတ်ထွက် သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်းပရီးဘဟစ်ဒါနူကာရာနေရာမှာ မစ္စတာမားရစ်ကို အစားထိုးခန့်အပ်သွားမှာဖြစ် ပါတယ်။

 

ဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် မစ္စတာမားရစ်ရဲ့ အမည်စာရင်းကို ထိုင်းဘုရင်မင်းမြတ်ထံ တင် ပြခဲ့တာမှန်ကန်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မာနာပွန်းချာရွန်းဆရီက ဧပြီ ၃၀ ရက် နေ့က အတည်ပြုပြောကြားပါတယ်။

 

မစ္စတာမားရစ်ဟာ ၎င်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာရင်းမတင်သွင်းခင် သာနူလပ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

 

ထိုင်းစတော့အိပ်ချိန်းကို ပေးပို့ခဲ့တဲ့ မစ္စတာမားရစ်ရဲ့ နုတ်ထွက်စာမှာတော့ “ကိုယ်ရေးကိုယ်တာအကြောင်း ကြောင့် နုတ်ထွက်ခြင်းဖြစ်ကြောင်း” လို့ပဲ ဖော်ပြထားပါတယ်။

 

မစ္စတာမားရစ်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်သံတမန်ဝန်ထမ်းတစ်ဦးလည်းဖြစ်ပြီး မစ္စတာပန်းပရီး ရဲ့အကြံပေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ မစ္စတာမားရစ်ဟာ သက်ဆင်ရှင်နာဝပ်ထရာ ဝန်ကြီးချုပ်ဘဝက ရှင်နာဝပ်ထရာမိသားစုနဲ့ ရင်းနှီးခဲ့သူတစ်ဦးဖြစ် တယ်လို့လည်း ဆိုပါတယ်။

 

Ref: Maris’ appointment as foreign minister sent for royal endorsement

 

#PeopleMedia


Share this post