• Follow Us on
Latest News

Home ယူကရိန်းအတွက် ပက်ထရီယော့ခ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ပို့ပေးမယ်လို့ စပိန်ပြော

ယူကရိန်းအတွက် ပက်ထရီယော့ခ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ပို့ပေးမယ်လို့ စပိန်ပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၃၀

 

စစ်လက်နက်ပစ္စည်းတွေ ပိုမိုထောက်ပံ့ဖို့တောင်းဆိုထားတဲ့ ယူကရိန်းနိုင်ငံအတွက် အမေရိကန်ထုတ် ပက်ထရီ ယော့ခ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ စပိန်နိုင်ငံက ပို့ဆောင်သွားမှာဖြစ်ကြောင်း စပိန်ကာကွယ်ရေး ဝန်ကြီးမာဂရီတာရိုဘယ်လ်က ပြောကြားလိုက်ပါတယ်။

 

စပိန်အစိုးရက ယူကရိန်းအတွက် ပက်ထရီယော့ခ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ထောက်ပံ့ပေး သွားမှာဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးစာချုပ်အဖွဲ့အစည်းအဝေးမှာ မာဂရီတာရိုဘယ်လ်က ပြောကြားခဲ့ ကြောင်း စပိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါပေမဲ့ စပိန်နိုင်ငံက ထောက်ပံ့မယ့် ပက်ထရီယော့ခ်ဒုံးကျည်အရေအတွက်ကိုတော့ အသေးစိတ်ထုတ်ဖော်ပြော ကြားခြင်း မရှိပါဘူး။

 

ယူကရိန်းနိုင်ငံအနေနဲ့ ပက်ထရီယော့ခ်ဒုံးကျည်စနစ် ဒါမှမဟုတ် တခြားအဆင့်မြင့်လေကြောင်းရန်ကာကွယ် ရေးစနစ် ၇ စုံ အနည်းဆုံးလိုအပ်နေတဲ့အတွက် ယူကရိန်းနိုင်ငံကို ဝိုင်းဝန်းထောက်ပံ့ကြဖို့ အခုလအတွင်း ယူ ကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ပြောပါတယ်။

 

တနင်္လာနေ့က ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများနဲ့ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး တစ်ခုမှာတော့ အဆိုပါဝန်ကြီးတွေက ယူကရိန်းနိုင်ငံကို စစ်ရေးအရ ဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့ လေကြောင်းရန်ကာကွယ် ရေးဒုံးကျည်တွေ ပို့ဆောင်ပေးမယ်လို့ ကတိပြုခဲ့ခြင်းမရှိပါဘူး။

 

စပိန်နိုင်ငံက ယူကရိန်းကို ပက်ထရီယော့ခ်ဒုံးကျည်တွေ တင်ပို့ပေးမှာလည်းဆိုတဲ့မေးခွန်းတွေကို ထပ်ဖန်တလဲ လဲမေးမြန်းလာတဲ့အခါ စပိန်နိုင်ငံခြားရေးဝန်ကြီး ဂျို့စ်မန်နျူရယ်အယ်လ်ဘာရီးစ်က ပြန်လည်ပြန်ကြားဖု့ိ ငြင်း ဆန်ခဲ့ပါတယ်။

 

Ref: Spain Says Will Send Patriot Air Defense Systems to Ukraine

 

#PeopleMedia


Share this post