• Follow Us on
Latest News

Home မတ္တရာမြို့တွင် လက်ပစ်ဗုံးလာရောက်ပစ်ခတ်သည့် PDF (၁) ဦးကို လုံခြုံရေးတပ်ဖွဲ့မှ အသေပစ်ခတ်နိုင်

မတ္တရာမြို့တွင် လက်ပစ်ဗုံးလာရောက်ပစ်ခတ်သည့် PDF (၁) ဦးကို လုံခြုံရေးတပ်ဖွဲ့မှ အသေပစ်ခတ်နိုင်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာအနီး လက်ပစ်ဗုံး လာရောက်ပစ်ခတ်သည့် PDF တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့မှ အသေပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် PDF များမှ လုံခြုံ ရေးတပ်ဖွဲ့ကို ရီမုမိုင်း (၂) လုံးဖြင့် ဖောက်ခွဲရာ ထို PDF ကို လုံခြုံရေးတပ်ဖွဲ့မှ အသေပစ်ခတ်နိုင်ကြောင်း သိရသည်။

 

ထိုပစ်ခတ်ဖမ်းဆီးရာတွင် PDF အလောင်း (၁) လောင်းနှင့် တရုတ်လက်ပစ်ဗုံးတစ်လုံးတို့ကို သိမ်းဆည်း ရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post