• Follow Us on

Home မုံးကိုးမြို့ရှိ KIA ရုံးကို MNDAA ချိတ်ပိတ်မှုကြောင့် နှစ်ဖက်တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေ

မုံးကိုးမြို့ရှိ KIA ရုံးကို MNDAA ချိတ်ပိတ်မှုကြောင့် နှစ်ဖက်တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေ

Share this post

နေပြည်တော်၊ ဧပြီ ၂၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲရှိ KIA ရုံးကို MNDAA က ချိတ်ပိတ်မှုကြောင့် နှစ်ဖက် တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

 

ဧပြီလ (၂၃)ရက် နံနက် (၉)နာရီတွင် မုံးကိုးမြို့ရှိ KIA ရုံးကို MNDAA ကိုးကန့်အဖွဲ့မှ မုံးကိုးမြို့နယ် အုပ်ချုပ်ရေး မှူးဆိုသူ ဦးဂျီထိန်အန်းနှင့် ဒုတိုက်နယ်မှူး ဗိုလ်ဦးရန်ဟူတို့ (၂) ယောက်ဦးဆောင်သည့် တပ်ဖွဲ့များရောက်ရှိ လာပြီး KIA ရုံး ဆက်ဖွင့်ခွင့် ရှိ၊မရှိကို ပြန်လည်ညွှန်ကြားပေးမည်ဖြစ်ကြောင်း ပြောဆိုကာ ချိတ်ပိတ်တားမြစ်စာ လာကပ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက်တွင် ည (၇)နာရီခွဲ အချိန်တွင်လည်း MNDAA အဖွဲ့မှ ဗိုလ်ရန်ဟူနှင့် ဗိုလ်လောက်ဒေါင်း ဦးဆောင် သည့်အဖွဲ့များ ထပ်မံရောက်ရှိလာပြီး ချိတ်ပိတ်တားမြစ်စာ လာရောက်ကပ်သွားကြောင်း ထပ်မံ သိရသည်။

 

#PeopleMedia


Share this post