• Follow Us on

Home လာဘ်စားခဲ့တဲ့ အထက်တန်းကျောင်းညွှန်မှူးဟောင်းနှစ်ဦး ထောင်ဒဏ် အနှစ် ၂၀ စီချမှတ်

လာဘ်စားခဲ့တဲ့ အထက်တန်းကျောင်းညွှန်မှူးဟောင်းနှစ်ဦး ထောင်ဒဏ် အနှစ် ၂၀ စီချမှတ်

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၆

 

ထိုင်းနိုင်ငံ ဘန်ကောက်၊ ဖာရာထိုင်းခရိုင်၊ ဆမ်ဆန်းဝစ်တယာလိုင် အထက်တန်းကျောင်းရဲ့ ညွှန်ကြားရေးမှူး ဟောင်းနဲ့ ဒုတိယညွှန်ကြားရေးမှူးဟောင်းတို့ကို လာဘ်စားမှုနဲ့ ထောင်ဒဏ်အနှစ် ၂၀ စီချမှတ်လိုက်ကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။

 

အဆိုပါပုဂ္ဂိုလ် ၂ ဦးဟာ ၂၀၁၇ ခုနှစ်အတွင်း ကျောင်းသား ကျောင်းဝင်စာရင်းသွင်းဖို့အတွက် ကျောင်းသားမိဘ ၆ ဦးထံက လာဘ်ငွေရယူခဲ့တဲ့အတွက် အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

 

ကျောင်းညွှန်ကြားရေးမှူးဟောင်း ဗီရာ့ဂျ်ဆမ်လူအန်နဲ့ ဒုတိယညွှန်ကြားရေးမှူးဟောင်း ဖူးဆစ်ပရာယွန်းနာနူ သက်တို့ဟာ အာဏာအလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတို့ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပြီး ထောင်ဒဏ်အပြင် ဘတ် ငွေ ၇၀၀,၀၀၀ ပေးဆောင်ဖို့ ၎င်းတို့နှစ်ဦးကို တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

 

ညွှန်မှူးဟောင်း ဗီရာ့ဂျ်ဆမ်လူအန်ဟာ ကျောင်းသားတစ်ဦး ကျောင်းဝင်ခွင့်ရဖို့အတွက် ၎င်းရဲ့မိဘထံက လာဘ် ငွေ ဘတ် ၄၀၀၀၀၀ လက်ခံရယူခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဗီရာ့ဂျ်ဟာ ကနဦးစစ်ဆေးချက်တွေအရ လာဘ်ငွေ ဘတ် ၈ သန်းအထိ ရယူထားတာကို တွေ့ရှိရတယ် လို့ဆိုပါတယ်။

 

ပရာဂျန်းချုပ်ဖောင်းဆာကူလ်အမည်ရှိတဲ့ ဆရာတစ်ဦးနဲ့အတူ ညွှန်မှူးဟောင်း ဗီရာ့ဂျ်နဲ့ ဒုညွှန်မှူးဟောင်း ဖူးဆစ် တို့ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ လာဘ်ငွေတွေ လက်ခံရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ် လို့ ဆိုပါတယ်။

 

ကျောင်းဆရာပရာဂျန်းချုပ်ဖောင်းဆာကူလ်ကို စွဲဆိုထားတဲ့အမှုမှာတော့ သက်သေအထောက်အထားမရှိတဲ့အ တွက် စွဲချက်ကို ပယ်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။

 

အလှူငွေလို့ အမည်ခံထားတဲ့ အဲဒီလာဘ်ငွေတွေကို လက်ခံရယူထားတဲ့ ပြေစာ တစ်စောင်မှမရှိသလို အဲဒီငွေ တွေကိုလည်း ကျောင်းပိုင်မီးခံသေတ္တာထံမှာသိမ်းဆည်းထားရမယ့်အစား ဖူးဆစ်ရုံးခန်းထဲက မီးခံသေတ္တာတစ် ခုမှာ သိမ်းဆည်းထားတာတွေ့ရပါတယ်။

 

အဆိုပါပုဂ္ဂိုလ်နှစ်ဦးစလုံးကို ဘန်ကောက်ရီမန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အယူခံဝင်ဖို့ စောင့်ဆိုင်းနေကြောင်း သိရပါတယ်။

 

Ref: School directors jailed over bribes

 

#PeopleMedia


Share this post