• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တစ်ချို့၏ အကာအကွယ်ဖြင့်နှစ်နိုင်ငံနယ်စပ်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ ကျူးလွန်ရာ၌ လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို ထိုင်းနိုင်ငံဘက်မှ ပူးပေါင်းကာကွယ် တားဆီးပေးရန် ဒုချုပ်ပြောကြား

မြန်မာနိုင်ငံရှိ ငွေလိမ်လုပ်ငန်းများ၏ သတင်းအချက်အလက်များ ပေးပို့နိုင်သူများအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုငွေ ပေးအပ်မည်ဖြစ်ကြောင်း အမေရိကန်သံရုံးထုတ်ပြန်

Share this post

နေပြည်တော်၊ နို၀င်ဘာ ၁၇

 

မြန်မာနိုင်ငံရှိ ငွေလိမ်လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကို ထိခိုက်နစ်နာစေလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်းကိစ္စရပ်များအပေါ် အရေးယူဆောင်ရွက်လျက်ရှိ‌ကြောင်းအမေရိကန်သံရုံးမှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံရှိ ထိုက်ချန်း (Tai Chang) ငွေလိမ်စင်တာများနှင့် ဆက်စပ်နေသည့် ငွေကြေးများကို ပြန်လည်သိမ်းဆည်းရမိရေး အထောက်အကူပြုမည့် သတင်းအချက်အလက်များ ပေးပို့နိုင်သူများအတွက် အမေရိကန်ပြည်ထောင်စုမှ ဆုငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ပေးအပ်သွားမည် ဖြစ်‌ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ ရာဇဝတ်လုပ်ငန်းများသည် အမေရိကန်နိုင်ငံသားများထံမှ ငွေကြေးများကို လိမ်လည်ခိုးယူနေသည့်အပြင် လူကုန်ကူးခံရပြီး အဆိုပါငွေလိမ်လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံနေရသူများအပေါ်တွင်လည်း ခေါင်းပုံဖြတ်အမြတ်ထုတ်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဤရာဇဝတ်လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ သင့်ထံတွင် ရှိပါက အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ အီးမေးလ်လိပ်စာ [email protected] သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း အသိပေးထားသည်။

 

#PeopleMedia


Share this post