• Follow Us on
Latest News

Home ယူကရိန်းကို ကျူးကျော်လာပါက အဆိုးရွားဆုံးပြန်လည်ပေးဆပ်ရမည်ဟု အမေရိကန်သတိပေး

ယူကရိန်းကို ကျူးကျော်လာပါက အဆိုးရွားဆုံးပြန်လည်ပေးဆပ်ရမည်ဟု အမေရိကန်သတိပေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂ (People Media)

 

ရုရှားသည် ယူကရိန်းကို ကျူးကျော်လာပါက အဆိုးရွားဆုံးပြန်လည်ပေးဆပ်ရမည်ဟု ရုရှားသမ္မတ ဗလာ ဒီမာပူတင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယမန်နေ့က ပြောကြားလိုက်သည်။

 

“ယူကရိန်းကို လှုပ်ရှားရင် အကျိုးဆက်တွေက ဆိုးဆိုးရွားရွား ပျက်သုဉ်းသွားလိမ့်မယ်ဆိုတာကို သမ္မတ ပူတင်ကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်” ဟု ဘိုင်ဒင်ကပြောသည်။

 

ရုရှားသည် ယူကရိန်းသို့ ကျူးကျော်လာပါက ရုရှားတိုက်ခိုက်မှုအားလုံးကို ပြန်လည်တိုက်ခိုက်ရန်အတွက် အမေရိကန်နှင့် နေတိုးတို့သည် အမေရိကန်တပ်များ စေလွှတ်မည်မှာ စားပွဲပေါ်တွင်သာရှိမည့်အပြောမဟုတ် ကြောင်း ဘိုင်ဒင်မှ သတင်းထောက်များအား ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်သီတင်းပတ်က ပူတင်နှင့် နှစ်နာရီကြာ တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ပြီး ဘိုင်ဒင်က ရုရှားသည် ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်ပါက ကမ္ဘာတွင် ရုရှား၏ရပ်တည်မှုသည် သိသိသာသာ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ရုရှားခေါင်းဆောင်အား ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

 

G7 အဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီးများသည် စနေနေ့က လီဗာပူးလ်တွင် တွေ့ဆုံပြီးနောက် မော်စကိုသို့ အလားတူ သဝဏ်လွှာပေးပို့ခဲ့ပြီး ကျူးကျော်ဝင်ရောက်လာပါက နောက်ဆက်တွဲအကျိုးဆက်များကို သတိပေးကာ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့ ပြန်သွားရန် မော်စကိုကို တိုက်တွန်းခဲ့သည်။

 

ကြီးမားသောထိုးစစ်အတွက် စစ်ရေးပြင်ဆင်မှုများပြုလုပ်ကာ ရုရှားတပ်ဖွဲ့ဝင် သောင်းနှင့်ချီ စုဆောင်းနေ သည်ဟု ယူကရိန်းက ရုရှားကို စွပ်စွဲထားသည်။

 

အဆိုပါစွတ်စွဲချက်အား ရုရှားမှ ငြင်းဆိုထားပြီး ယူကရိန်းနှင့် အမေရိကန်တို့၏ မတည်မငြိမ်ဖြစ်စေသော အပြုအမှုများကြောင့် ၎င်း၏ကိုယ်ပိုင်ကာကွယ်ရေးအတွက် လုံခြုံရေးအာမခံချက် လိုအပ်သည်ဟု ပြောကြား ထားသည်။

 

ကိုးကား  – ရိုက်တာ

 

Ref; Biden warns Putin: Russia will pay ‘terrible price’ if it invades Ukraine

 

#PeopleMedia #EPN

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 

Ref; Biden warns Putin: Russia will pay ‘terrible price’ if it invades Ukraine

 

#PeopleMedia #EPN


Share this post