• Follow Us on

Home စစ်ကိုင်းတိုင်းဒေသကြီး တိုင်းထွေအုပ်ဝန်ထမ်းတစ်ဦး မိုင်းဆွဲခံရ၍ သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး တိုင်းထွေအုပ်ဝန်ထမ်းတစ်ဦး မိုင်းဆွဲခံရ၍ သေဆုံး

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၂ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းထွေအုပ်ဝန်ထမ်းဖြစ်သူ ဦးထွန်းထွန်းလင်းသည် ဒီဇင်ဘာ ၁၁ ရက်နေ့ ညပိုင်းက ၎င်းအသုံးပြုသည့်ယာဉ် မိုင်းဆွဲခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း ဒေသခံအချို့က People Media ကို ပြောပါတယ်။

 

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်အနီး မုံရွာ-ပုသိမ်းကာလမ်း၌ မိုင်းပေါက်ကွဲရာ တိုင်းထွေအုပ်ဝန်ထမ်းဖြစ်သူ ဦးထွန်းထွန်းလင်းသည် မိုင်းစထိမှန်ပြီး သေဆုံးသွားကြောင်း သိ ရပါတယ်။

 

သေဆုံးသူ ဦးထွန်းထွန်းလင်းသည် နေအိမ်တည်ရှိရာ ဆားလင်းကြီးမြို့နယ် အမှတ် (၁) ရပ်ကွက်မှ မုံရွာမြို့ရှိ တိုင်းထွေအုပ်ရုံးကိုအသွား လမ်းခရီး၌ မိုင်းဆွဲခံရပြီး သေဆုံးသွားခြင်း ဖြစ်ပါတယ်။

 

အဆိုပါဖြစ်စဉ်အပေါ် People Media က တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ”အိမ်ကနေ ရုံးကို အသွား လမ်းမှာ သူအသုံးပြုသည့်ယာဉ် မိုင်းဆွဲခံရပြီး မိုင်းစထိမှန် သေဆုံးသွားတာ” လို့ ပြောပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၌ မြို့နယ် ယာယီရဲမှူးယာဉ်တန်းမိုင်းဆွဲခံရပြီး ယာယီရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

 

သွန်းသွန်း

 

#PeopleMedia #ပြည်ထဲရေး

 

(unicode)


……………………………………………………

 


 


 


 


 


 


 


 



Share this post