• Follow Us on
Latest News

Home ယူကရိန်းနယ်စပ်တွင် ရုရှားတပ်များ တပ်ဖြန့်ချထားသလို ပင်လယ်ပြင်တွင်လည်း ရုရှားရေတပ်အင်အား တိုးမြှင့်ချထား

ယူကရိန်းနယ်စပ်တွင် ရုရှားတပ်များ တပ်ဖြန့်ချထားသလို ပင်လယ်ပြင်တွင်လည်း ရုရှားရေတပ်အင်အား တိုးမြှင့်ချထား

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၄ (People Media)

 

ရုရှား-ယူကရိန်း နယ်စပ်အနီး ရုရှားကြည်းတပ်မှ အင်အားအများအပြားတပ်ဖြန့်ချထားသည့်သတင်းမှာ လွန်ခဲ့ သည့်နှစ်လအတွင်း ကမ္ဘာကအာရုံစိုက်စရာသတင်းဖြစ်ခဲ့သော်လည်း ပင်လယ်နက်အတွင်း ရုရှားရေတပ်၏ လှုပ်ရှားမှုများကို နိုင်ငံတကာက သတိပြုမှုနည်းပါးခဲ့သည်။

 

ယူကရိန်းအကျပ်အတည်းပြဿနာစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ပင်လယ်နက်အတွင်း ရုရှားရေတပ်လှုပ်ရှားမှု များ ပိုမိုမြင့်တက်လာကြောင်း ဆန်းစစ်လေ့လာသူများက ပြောသလို ပင်လယ်နက်အတွင်း ကုန်းရေနှစ်သွယ် သွားယာဉ်များ တိုးမြှင့်ချထားကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ ပြောသည်။

 

သို့သော် ရုရှား-ယူကရိန်း နယ်စပ်တွင် တင်းမာမှုများမြင့်တက်နေသော်လည်း ပင်လယ်နက်ဒေသတွင် ရေတပ် လှုပ်ရှားမှုများမှာ ပိုနေမြဲကျားနေမြဲဖြစ်ကြောင်း ပြင်သစ်ရေတပ်မှ ရေတပ်ဗိုလ်ချုပ်ကြီး ပီးယာ့ဗန်ဒီးယားက ယခု သီတင်းပတ်အတွင်း ဝါရှင်တန်၌ ဆွေးနွေးစဉ်က ပြောကြားခဲ့သည်။

 

“ကျွန်တော်ထင်တယ် … စိုးရိမ်စရာအများအပြားက ကုန်းပေါ်မှာပဲရှိပါတယ်။ ကြည်းတပ်တွေပေါ့ဗျာ။ ဆေးရုံ တွေ၊ တင့်ကားတွေ စသဖြင့်ပေါ့။ ရေတပ်အပိုင်းမှာကတော့ ရုရှားဘက်က ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုမျိုးတွေ ဆောင်ရွက်လာတာမျိုး မတွေ့ရပါဘူး။ စစ်သင်္ဘောတချို့ စေလွှတ်တာလောက်ပဲရှိတာပါ။ ရုရှားတွေရဲ့ ပင် လယ်ပြင်လှုပ်ရှားမှုက အရင်တုန်းက သွားလာလှုပ်ရှားနေတဲ့ပုံစံမျိုးထက် ဘာမှ ထူးထူးခြားခြား ပြောင်းလဲလာ တာမျိုးမရှိပါဘူး။” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာဆက်ဆံရေးဌာနတွင် ကျင်းပသည့်ဆွေးနွေးပွဲ၌ ပြင်သစ် ဗိုလ်ချုပ်ကြီး ပီးယာ့ဗန်ဒီးယားက ပြောသည်။

 

သို့သော် လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ရုရှားနိုင်ငံ ပင်လယ်နက်အတွင်း ၎င်းတို့ရေတပ်လှုပ်ရှားမှုများကို မြှှင့်တင် ဆောင်ရွက်လာသလို တဖြည်းဖြည်း နယ်ချဲ့လာကြောင်း  ဟဒ်ဆန်အင်စတီကျုမှဘာယန်ကလပ်နှင့် ဗာဂျီးနီး ယားပြည်နယ်မှ ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ် အီလိန်းလူရီယာတို့က ပြောသည်။

 

“ရုရှားတွေက သူတို့ရဲ့လှုပ်ရှားမှုတွေကို ဘယ်လိုတိုးမြှင့်ဆောင်ရွက်ရမယ်ဆိုတာ ငြိမ်ကုပ်ပြီးတော့ စဉ်းစားနေ တာ။ ကျွန်တော်တို့က ဒီအခြေအနေနဲ့ နေသားတကျဖြစ်လာနေပါပြီ။ လက်ရှိအချိန် ရုရှားတွေရဲ့ လှုပ်ရှားမှုက လွန်ခဲ့တဲ့သုံးလလောက်က လှုပ်ရှားမှုနဲ့ သိပ်ပြီး ထူးထူးခြားခြား မကွဲပြားပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် လောက်က လှုပ်ရှားမှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ရုရှားတွေရဲ့ ရေတပ်လှုပ်ရှားမှုက အရမ်းကို မြင့်လာပါပြီ။” ဟု ကလပ်က ပြောသည်။

 

ပင်လယ်နက်သည် ကမ္ဘာပေါ်ရှိ အခြားနေရာများနှင့် နှိုင်းယှဉ်ပါက တစ်မူထူးခြားသော ပင်လယ်ဖြစ်သည်။ ပင် လယ်နက်ကို ရုရှားနှင့် ယူကရိန်းအပါအဝင် နိုင်ငံအချို့က ဝိုင်းပတ်ထားကြပြီး ပင်လယ်နက်၏ ဝင်ပေါက်နှင့် ထွက်ပေါက်ကို ရေလက်ကြားနှစ်ခုဖြင့် တူရကီနိုင်ငံက ထိန်းချုပ်ထားသည်။

 

၁၉၃၆ ခုနှစ်တွင်ချုပ်ဆိုခဲ့သော မွန်းထရပ်သဘောတူညီမှု (Montreux Convention) အရ ငြိမ်းချမ်းသည့်ကာလ တွင် ပင်လယ်နက်အတွင်းသို့ အရပ်ဘက်ရေယာဉ်များ ဝင်ထွက်သွားလာခွင့်ကို ခွင့်ပြုပေးရန် တူရကီနိုင်ငံအား လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားသော်လည်း စစ်သင်္ဘောများ ပင်လယ်နက်အတွင်း ဝင်ထွက်သွားလာ တပ်စွဲခွင့် ကို ဥပဒေအရ တင်းကျပ်ထားခဲ့သည်။

 

Ref: The Russian military build up near Ukraine is happening at sea too

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: The Russian military build up near Ukraine is happening at sea too

 

#PeopleMedia


Share this post