• Follow Us on
Latest News

Home ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ အမျိုးသမီးအကျဉ်းသားတွေကို တပ်သားသစ်အဖြစ် ရုရှားစစ်တပ်က စုဆောင်းနေဟု ဆို

ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ အမျိုးသမီးအကျဉ်းသားတွေကို တပ်သားသစ်အဖြစ် ရုရှားစစ်တပ်က စုဆောင်းနေဟု ဆို

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၄

 

ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့အတွက် ရုရှားစစ်တပ်ဟာ အကျဉ်းထောင်ထဲက အမျိုးသမီးတွေကို တပ် သားသစ်အဖြစ် စုဆောင်းနေကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့ HUR က ပြောပါတယ်။

 

အမျိုးသမီးအကျဉ်းသားတွေကို ထောက်ပံ့ရေးအတွက်သက်သက်မဟုတ်ဘဲ တိုက်ခိုက်ရေးတာဝန်တွေ စေခိုင်း ဖို့အတွက် တပ်သားသစ်အဖြစ် စုဆောင်းနေတာဖြစ်ကြောင်း HUR ပြောခွင့်ရပုဂ္ဂိုလ် အန်ဒရီးယူဆော့ဗ်က Kyiv Post သတင်းစာကို ပြောပါတယ်။

 

တပ်သားသစ်အဖြစ်စုဆောင်းတဲ့အခါ အဲဒီအမျိုးသမီးတွေကို ငွေကြေးထောက်ပံ့မှုတွေပေးမယ့်အပြင် စစ်မှုထမ်း ဆောင်တဲ့အတွက် ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်နဲ့ ထောင်ကလွှတ်ပေးမှာဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီးစု ဆောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ရုရှားစစ်တပ်ရဲ့ကမ်းလှမ်းချက်ကို လက်ခံခဲ့သူအမျိုးသမီးအများစုဟာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသူ အ မျိုးသမီးတွေဖြစ်တယ်လို့ ယူဆော့ဗ်က ပြောပါတယ်။

 

“ရုရှားစစ်တပ်က စုဆောင်းခဲ့တဲ့ အမျိုးသမီးအကျဉ်းသားအများစုဟာ တိုက်ပွဲမှာကျဆုံးသွားကြသလို ပြန်ရောက် လာသူတွေကလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားကြသူတွေဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ အခုအချိန်အထိ ရုရှားအမျိုးသမီးအကျဉ်းသား ၁၀၀,၀၀၀ ကျော် စုဆောင်းထားပြီးဖြစ် ကြောင်း ရုရှားလူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲစတင်ကတည်းက ရုရှားစစ်တပ်က အကျဉ်းသားတွေကို တပ်သားသစ်အဖြစ်စုဆောင်းခဲ့တာသိရှိ ကြပေမဲ့ အမျိုးသမီးအကျဉ်းသားတွေကို ပစ်မှတ်ထားစုဆောင်းတာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ဆိုပါတယ်။

 

အကျဉ်းသားတွေကို စစ်သားတွေအဖြစ်အသုံးပြုနေတယ်ဆိုတဲ့ပြောဆိုချက်တွေကို ရုရှားသမ္မတဗလာဒီမာပူ တင်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က အစောပိုင်းက ကာကွယ်ပြောဆိုခဲ့ပြီး အဲဒီအကျဉ်းသားတွေဟာ စစ်မြပြင်မှာ ပြစ်မှုကြွေးကို သွေးနဲ့ဆပ်နေတာဖြစ်ကြောင်း ပြောပါတယ်။

 

အမျိုးသမီးအကျဉ်းသားတွေကို အခုလို တပ်သားသစ်အဖြစ်စုဆောင်းနေတာဟာ အမျိုးသားအကျဉ်းသားတွေ စစ်တပ်ထဲဝင်ရောက်တာဝန်ထမ်းဆောင်လိုတဲ့ဆန္ဒ လျော့ပါးလာတာကို ပြတဲ့သင်္ကေတဖြစ်နိုင်ကြောင်း ယူဆော့ဗ်က ပြောပါတယ်။

 

၂၀၂၃ ခုနှစ်ကတည်းက အမျိုးသားအကျဉ်းသားတွေကို ယူကရိန်းမှာ ခြောက်လစစ်မှုထမ်းပြီးရင် အကျဉ်း ထောင်က ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ကတိပေးပြီး တပ်သားသစ်အဖြစ် စုဆောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။

 

Ref: Russian Military Recruiting Female Convicts to Fight in Ukraine: Report

 

#PeopleMedia


Share this post