• Follow Us on
Latest News

Home ၂၀၂၄ ဆုန်ခရန်သင်္ကြန်ပွဲတော် ၂၁ ရက်အတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ဘတ်ငွေ ဘီလျံ ၁၄၀ ကျော် ရရှိခဲ့ကြောင်း ထိုင်းအစိုးရပြော

၂၀၂၄ ဆုန်ခရန်သင်္ကြန်ပွဲတော် ၂၁ ရက်အတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ဘတ်ငွေ ဘီလျံ ၁၄၀ ကျော် ရရှိခဲ့ကြောင်း ထိုင်းအစိုးရပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၄

 

ထိုင်းနိုင်ငံရဲ့ ဆုန်ခရန်မဟာသင်္ကြန်ကာလ ၂၁ ရက်အတွင်း ဝင်ငွေ ဘတ် ၁၄၀.၃၃၅ ဘီလျံ ရရှိခဲ့ရာ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနရဲ့ မူလခန့်မှန်းတွက်ချက်ထားတဲ့ ဝင်ငွေ ဘတ် ၁၃၂ ဘီလျံကို ကျော်လွန်သွားခဲ့ကြောင်း ဝန်ကြီးဆူဒါဝန် ဝန်းဆူပါကစ်ကိုဆိုလ်းက ပြောကြားလိုက်ပါတယ်။

 

၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၂၁ ရက်တာကာလအတွင်း ထိုင်းနိုင်ငံကို ကမ္ဘာလှည့် ခရီးသွား ၁,၉၂၆,၄၄၃ ဦး လာရောက် လည်ပတ်ခဲ့ရာ ဝင်ငွေ ဘတ် ၉၀.၂၀၈ ဘီလျံရရှိခဲ့ပြီး ထိုင်းခရီးသွား ၁၃,၈၉၇,၉၈၈ ဦးထံက ဝင်ငွေ ၅၀.၁၂၇ ဘီလျံ ရရှိခဲ့တယ်လို့ ဆူဝါဒါဝန်က ပြောပါတယ်။

 

သင်္ကြန်ကာလ ၂၁ ရက်အတွင်း ကမ္ဘာလှည့်ခရီးသွား ၁,၉၂၆,၄၄၃ ဦး လာရောက်လည်ပတ်ခဲ့ရာ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလနဲ့နှိုင်းယှဉ်ရင် ၃၇.၅၄% မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။

 

အခုလို ကမ္ဘာလှည့်ခရီးသွားဝင်ရောက်လာမှု မြင့်တက်လာခဲ့တာဟာ ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ခြင်း၊ ဆိုက် ရောက်/ထွက်ခွာကတ် ဖျက်သိမ်းလိုက်ခြင်းနဲ့ ဝန်ကြီးဌာနရဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ် တွေကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားမြင့်တက်လာမှုဟာ အနီးဝန်းကျင်နိုင်ငံတွေကရော အလှမ်းဝေးတဲ့နိုင်ငံတွေကရော ပါဝင် တဲ့ ခရီးသွားတွေကြောင့်ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ဆုန်ခရန်သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ ထိပ်တန်း ၁၀ နိုင်ငံထဲမှာ တရုတ်နိုင်ငံက ကမ္ဘာလှည့်ခရီးသွား ၃၉၅၈၃၀ ဦးနဲ့ ၈၉.၁၆%၊ မလေးရှားက ၂၉၈၂၆၃ ဦးနဲ့ ၄၁.၆၂%၊ အိန္ဒိယက ၁၁၄၃၃၀ ဦးနဲ့ ၂၇.၅၃%၊ ရုရှားက ၁၀၄၅၃၈ ဦးနဲ့ ၁၉.၆၁%၊ တောင်ကိုရီးယားက ၈၄၅၃၉ ဦးနဲ့ ၃၆.၀၂%၊ လာအိုက ၆၆၃၉၆ ဦးနဲ့ ၄၃.၅၉%၊ ဗြိတိန်က ၆၀၄၉၅ ဦးနဲ့ ၁၁.၃၁%၊ ထိုင်ဝမ်က ၆၀၁၅၃ ဦးနဲ့ ၅၈.၇၄%၊ အမေရိကန်က ၅၆၀၆၈ ဦးနဲ့ ၁၀.၄၃%၊ အင်ဒိုနီးရှားက ၅၅၉၆၉ ဦးနဲ့ ၆၄.၅၂% ဖြစ် ပါတယ်။

 

ဆုန်ခရန်ပွဲတော်ကာလအတွင်း ဝင်ငွေ ဘတ် ၁၄၀.၃၃၅ ဘီလျံ ရရှိခဲ့ရာ ဟိုတယ်/တည်းခိုခန်းလုပ်ငန်းက ဘတ် ၄၂.၀၆၉ ဘီလျံ၊ အစေားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းက ဘတ် ၃၃.၀၆၉ ဘီလျံ၊ အမှတ်တရလက် ဆောင်ပစ္စည်းနဲ့ ရောင်းကုန်ပစ္စည်းလုပ်ငန်းတွေက ဘတ် ၂၆.၈၃၉ ဘီလျံ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းက ဘတ် ၁၅.၅၀၅ ဘီလျံ၊ ဖျော်ဖြေရေးလုပ်ငန်းက ဘတ် ၁၄.၇၅၈ ဘီလျံ၊ ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှုလုပ် ငန်းက ဘတ် ၅.၈၆၅ ဘီလျံနဲ့ အထွေထွေလုပ်ငန်းတွေက ဘတ် ၂၂၃၀ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: Songkran generated 140 billion baht over 21 days, Tourism Ministry says

 

#PeopleMedia


Share this post