• Follow Us on
Latest News

Home ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မိုင်းဖောက်ခွဲရန်လာသူ (၂) ဦးကို လက်လုပ်မိုင်း (၅) လုံးနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မိုင်းဖောက်ခွဲရန်လာသူ (၂) ဦးကို လက်လုပ်မိုင်း (၅) လုံးနှင့်အတူ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မိုင်းဖောက်ခွဲမှုပြုလုပ်ရန် လာသူ (၂) ဦးကို လက်လုပ်မိုင်း (၅) လုံးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ (၂၇) ရက် ညနေ (၆) နာရီခန့်က လေဆိပ်အဝင်လမ်း၊ ဆယ်မိုင်ကုန်း သံပန်းစစ်ဆေးရေးဂိတ် တွင် Hijet ကားဖြင့် လိုက်ပါလာသည့် အမျိုးသား (၂) ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးရန် ယာဉ်ပေါ်မှ ဆင်းခိုင်းရာတွင် အဆိုပါအမျိုးသား (၂) ဦးက အပြာရောင်ကျောပိုးအိတ်ကို ပစ်ချပြီး ကားပေါ်မှ ခုန်ဆင်းထွက် ပြေးသွားကြောင်း သိရသည်။

 

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးခဲ့ရာတွင် ၎င်းထွက်ပြေးသွားသူ (၂) ဦးအား ဖမ်းမိခဲ့ပြီး ၎င်းတို့နှစ်ဦး ပစ်ချခဲ့သောအိတ်ကို ဖွင့်ဖောက်စစ်ဆေးရာ၌ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း (၁) လုံး၊ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း (၃) လုံးနှင့် ကော်ဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း (၁) လုံး စုစုပေါင်း လက်လုပ်မိုင်း (၅) လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

Photo – YNA

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 

Photo – YNA

 

#PeopleMedia


Share this post