• Follow Us on

Home အမေရိကန်အစိုးအရအဖွဲ့အစည်းအားလုံးမှာရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကနေ ရက်ပေါင်း ၃၀ အတွင်း တစ်တော့ကိုဖယ်ရှားပစ်ဖို့ အမေရိကန်အစိုးရ ညွှန်ကြား

အမေရိကန်အစိုးအရအဖွဲ့အစည်းအားလုံးမှာရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကနေ ရက်ပေါင်း ၃၀ အတွင်း တစ်တော့ကိုဖယ်ရှားပစ်ဖို့ အမေရိကန်အစိုးရ ညွှန်ကြား

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

အမေရိကန်အစိုးရအဖွဲ့အစည်းအားလုံးမှာရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေထဲက တရုတ်နိုင်ငံထုတ် တစ် တော့ (TikTok) ကို ရက်ပေါင်း ၃၀ အတွင်း ဖယ်ရှားပစ်ဖို့ အိမ်ဖြူတော်အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၇ ရက် နေ့က ပြောကြားလိုက်ပါတယ်။

 

တစ်တော့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကုမ္ပဏီဟာ တစ်တော့အသုံးပြုသူတွေရဲ့သတင်းအချက်အလက် တွေကို တရုတ်ကွန်မြူနစ်ပါတီ (CCP) ကို ပေးပို့နိုင်တယ်ဆိုတဲ့ အမျိုးသားလုံခြုံရေးစိုးရိမ်ပူပန်မှုတွေမြင့်တက် လာတဲ့အတွက် အမေရိကန်အစိုးရအဖွဲ့အစည်းတွေအသုံးပြုနေတဲ့ အီလက်ထရောနစ်ပစ္စည်းတွေမှာ လူကြိုက် များတဲ့ တစ်တော့အပလီကေးရှင်းကို အသုံးပြုခွင့်မပေးဘဲ ပိတ်ပင်ထားဖို့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ကွန်ဂရက်လွှတ်တော်က ဆုံးဖြတ်လိုက်ပြီးနောက်မှာ အခုလို ဘိုင်ဒန်အစိုးရထံက ညွှန်ကြားချက်ထွက်ပေါ်လာ တာပဲဖြစ်ပါတယ်။

 

သတင်းမှားတွေ/ သတင်းတုတွေ ထုတ်လွှင့်ဖို့နဲ့ အမေရိကန်နိုင်ငံထဲက တစ်တော့အသုံးပြုနေသူတွေ ကြည့်ရှု ဖို့ထိန်းချုပ်ရာမှာ စည်းမျဉ်းစည်းကမ်းတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီဟာ တစ် တော့ အပလီကေးရှင်းကိုအသုံးပြုမှာကို အမျိုးသားလုံခြုံရေးကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

 

တရုတ်အစိုးရဟာ ၎င်းတို့နိုင်ငံမှာအလုပ်လာလုပ်နေတဲ့ ကုမ္ပဏီတွေကို အဲဒီ်ကုမ္ပဏီတွေက သတင်းအချက်အ လက်တွေနဲ့ပတ်သက်တဲ့လျှိုဝှက်ကုတ်တွေကို ဖော်ပြခိုင်းကြောင်း အမေရိကန် ဒုတိယရှေ့နေချုပ် လီဆာမိုနာ ကိုက အခုလအစောပိုင်းက ပြောပါတယ်။

 

“ဒီကနေ့ ရရှိလိုက်တဲ့ သတင်းအချက်အလက်တွေကို မနက်ဖြန်မှာ ခြိမ်းခြောက်စရာနည်းလမ်းအသစ်အဖြစ် အ သုံးပြုနိုင်ပါတယ်။ ကျွန်မ တစ်တော့ မသုံးပါဘူး။ တခြားလူတွေကိုလည်း တစ်တော့ မသုံးဖို့ အကြံပြုတိုက်တွန်း လိုပါတယ်။” လို့ ဗြိတိန်အကြံပေးအဖွဲ့တစ်ခုရဲ့အစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် ၎င်းက ထည့်သွင်းပြောဆို သွားပါတယ်။

 

လွှတ်တော်အမတ်တချို့ကတော့ တစ်တော့ကို အစိုးရဌာနတွေက အီလက်ထရောနစ်ပစ္စည်းတွေမှာသာမကဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေမှာ တပ်ဆင်အသုံးပြုခွင့်မပေးဘဲ ပိတ်ပင်နိုင်အောင် ဆက် လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

တစ်တော့အပလီကေးရှင်းနဲ့ တရုတ်ကွန်မြူနစ်ပါတီဆက်နွယ်ပုံ၊ စားသုံးသူလွတ်လပ်ခွင့်နဲ့ သတင်းအချက်အ လက်လုံခြုံမှုလက်တွေ့ဆောင်ရွက်မှုများနဲ့ ကလေးတွေအပေါ်ကို အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး မတ် လအတွင်း အောက်လွှတ်တော်စွမ်းအင်နဲ့ စီးပွားရေးကော်မတီရှေ့မှောက်မှာ တစ်တော့စီအီးအို ရှိုဇီချူ လာ ရောက်အစစ်ဆေးခံရမှာဖြစ်ကြောင်း ဇန်နဝါရီလအတွင်း ကော်မတီက ကြေညာခဲ့ပါတယ်။

 

Ref: U.S. agencies have 30 days to remove TikTok from federal devices, White House says

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 


 

Ref: U.S. agencies have 30 days to remove TikTok from federal devices, White House says

 

#PeopleMedia


Share this post