• Follow Us on
Latest News

Home ရန်ကုန်မြို့ အမှတ်(၂)တပ်မတော်ဆေးရုံ၌ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်း(၃)ဦး COVID-19 ပိုးတွေ့ရှိ၍ ဆေးရုံကို Lock Down ပြုလုပ်

ရန်ကုန်မြို့ အမှတ်(၂)တပ်မတော်ဆေးရုံ၌ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်း(၃)ဦး COVID-19 ပိုးတွေ့ရှိ၍ ဆေးရုံကို Lock Down ပြုလုပ်

Share this post

ရန်ကုန်၊စက်တင်ဘာ-၂၁






photo-credit


[Unicode]
ရန်ကုန်မြို့ အမှတ်(၂)တပ်မတော်ဆေးရုံ၌ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်း(၃)ဦး COVID-19 ပိုးတွေ့ရှိ၍ ဆေးရုံကို Lock Down ပြု့လုပ်

ရန်ကုန်၊စက်တင်ဘာ-၂၁

ရန်ကုန်မြို့၊မြို့မကျောင်းလမ်းရှိ အမှတ်(၂)တပ်မတော်ဆေးရုံ၌ တာဝန်ထမ်းဆောင်သည့် တပ်မတော်သား(၃)ဦး၌ COVID-19 ပိုးတွေ့ရှိ၍ ဆေးရုံကို Lock Down ပြု့လုပ်ထားပါတယ်။

Lock Down ပြု့လုပ်သည့် ဖြစ်စဉ်အပေါ် PeopleMedia က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်ရာ၌ “စနေနေ့ကနေ စပြီး Lock Down ပြု့လုပ်ထားပါတယ်”လို့ အတည်ပြု့ပြောဆိုပါတယ်။

ဖြစ်စဉ်မှ အမှတ်(၂)တပ်မတော်ဆေးရုံ၌ တာဝန်ထမ်းဆောင်သည့် တပ်မတော်သူနာပြု့ အမျိုးသမီးတစ်ဦးထံမှ COVID-19 ပိုးတွေ့ရှိပြီးနောက် ကွင်းဆက်လိုက်ရာ ၎င်း သူနာပြု့အမျိုးသမီးသည် သူမ၏ မိသားစုဝင် တစ်ဦးထံမှ ကူးစက်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

ထိုနောက် တပ်မတော်သူနာပြု့အမျိုးသမီထံမှဆက်လက်ပြီး ဆေးရုံရှိ အခြားဝန်ထမ်း(၂)ဦးထံ ထပ်မံကူးစက်ခဲ့ခြင်း ဖြစ်ပါတယ်။လက်ရှိအချိန်၌ အဆိုပါ ဆေးရုံကို Lock Down ပြု့လုပ်ထားပါတယ်။

စက်တင်ဘာ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်၌ COVID-19 ကူးစက်ခံရမှုအပေါ် သတင်းထုတ်ပြန်ရာ၌ အတည်ပြု့လူနာစုစုပေါင်း (၅၈၀၅)၊ဆေးရုံဆင်းခွင့်ရသူ (၁၂၆၀)၊သေဆုံးသူ(၉၄)ဦးရှိကြောင်း ဖော်ပြထားသည်။

photo-credit

#PeopleMedia #COVID19 #အမှတ်၂တပ်မတော်ဆေးရုံ


Share this post