• Follow Us on

Home COVID-19 ကာလ၌ က်င္းပမည့္ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ကာလုံေခၚရန္မလို၊ကာလုံသည္ သမၼတ သေဘာတူမွ ေဆာင္႐ြက္၍ ရေၾကာင္း မုံ႐ြာေအာင္ရွင္ ေျပာဆို

COVID-19 ကာလ၌ က်င္းပမည့္ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ကာလုံေခၚရန္မလို၊ကာလုံသည္ သမၼတ သေဘာတူမွ ေဆာင္႐ြက္၍ ရေၾကာင္း မုံ႐ြာေအာင္ရွင္ ေျပာဆို

Share this post

ရန္ကုန္၊စက္တင္ဘာ-၂၁

COVID-19ကာလ၌က်င္းပမည့္ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ကာလုံေခၚရန္မလိုဘဲကာလုံသည္သမၼတ သေဘာတူမွ ေဆာင္႐ြက္၍ရေၾကာင္း မုံ႐ြာေအာင္ရွင္က ေျပာဆိုပါတယ္။

COVID-19ကပ္ေရာဂါသည္ ျပည္တြင္း၌ကူးစက္မႈျမင့္တက္ေနမႈေၾကာင့္ ေ႐ြးေကာက္ပြဲေ႐ႊ႕ဆိုင္းရန္ နိုင္ငံေရးပါတီမ်ားကနိုင္ငံေတာ္သမၼတႏွင့္ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ ေတာင္းဆိုလ်က္ရွိပါတယ္။

ထိုကဲ့သို႔ နိုင္ငံေရးပါတီမ်ားႏွင့္ေတာင္းဆိုခ်က္အေပၚ PeopleMedia က NLD ပါတီ ဗဟိုျပန္ၾကားေရးအဖြဲ႕ မုံ႐ြာေအာင္ရွင္ထံ ဆက္သြယ္ေမးျမန္းရာတြင္”ေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္းသင့္-မသင့္ကို ပိုၿပီးတြက္တာေပါ့။အခ်ိဳ႕က နိုင္ငံေရး အက်ပ္အတည္းျဖစ္လာမွာကို ပိုတြက္ၾကတယ္။ဒါကို မဆီမဆိုင္ အခ်ိဳ႕က ကာလုံေခၚေပးဖို႔၊တပ္မေတာ္ကဝင္ၿပီးထိန္းသိမ္းေပးဖို႔ ဆိုတာေတြ ေျပာလာၾကတာမ်ိဳးေတြ႕ရတယ္။ကြၽန္ေတာ္သိသေလာက္က ဒီေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္းလိုက္တာနဲ႕အစိုးရ ယႏၲရား ပ်က္မသြားဘူး။သမၼတအသစ္မေပၚမခ်င္းသမၼတကရွိေနဦးမွာဘဲ။ဘာမွကာလုံေခၚစရာမလိုဘူး။ကာလုံေခၚဖို႔ဆိုတာကလည္း သမၼတကေနၿပီးေတာ့ သေဘာတူမွေခၚလို႔ရတာ။အဲ့ဒီေတာ့ ရိုးရိုးပဲ စဥ္းစားၾကတာ ေကာင္းတယ္”လို႔ ေျပာပါတယ္။

ထို႔အတူ မုံ႐ြာေအာင္ရွင္က“အခ်ိဳ႕ျပည္နယ္မွာဆိုရင္ ကူးစက္မႈက ေတာ္ေတာ္ေလးနည္းတယ္။ဒုတိယလွိုင္းစျဖစ္တဲ့ရခိုင္ျပည္နယ္မွာဆိုရင္ အခုေတာ္ေတာ္ေလးျပန္ၿပီးေတာ့ သက္သာလာတာ ေတြ႕ရတယ္။ကိုဗစ္ေရာဂါက ျပင္းထန္တာ မွန္ပါတယ္။ ဒီေနရာမွာစဥ္းစားမယ္ဆိုရင္ ဘယ္လိုပုံစံနဲ႕ ေ႐ြးေကာက္ပြဲကိုလုပ္ရင္ျဖစ္မယ္မလဲဆိုတာကို စဥ္းစားရမယ္ထင္တယ္” ဟု ဆိုပါတယ္။

နိုင္ငံေရးပါတီအမ်ားစုက COVID-19 ကပ္ေရာဂါေၾကာင့္ ေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္းေပးရန္ ေျပာဆိုေနေသာ္လည္း ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းရန္ မရွိေၾကာင္း ေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္နိုင္က စက္တင္ဘာ(၁၉)ရက္၌ တရားဝင္ ေျပာဆိုထားၿပီးျဖစ္ပါတယ္။

#PeopleMedia #UEC #2020election #NLD

[Unicode]

COVID-19 ကာလ၌ ကျင်းပမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကာလုံခေါ်ရန်မလို၊ကာလုံသည် သမ္မတ သဘောတူမှ ဆောင်ရွက်၍ ရကြောင်း မုံရွာအောင်ရှင် ပြောဆို

ရန်ကုန်၊စက်တင်ဘာ-၂၁

COVID-19ကာလ၌ကျင်းပမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ကာလုံခေါ်ရန်မလိုဘဲကာလုံသည်သမ္မတ သဘောတူမှ ဆောင်ရွက်၍ရကြောင်း မုံရွာအောင်ရှင်က ပြောဆိုပါတယ်။

COVID-19ကပ်ရောဂါသည် ပြည်တွင်း၌ကူးစက်မှုမြင့်တက်နေမှုကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် နိုင်ငံရေးပါတီများကနိုင်ငံတော်သမ္မတနှင့်ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုလျက်ရှိပါတယ်။

ထိုကဲ့သို့ နိုင်ငံရေးပါတီများနှင့်တောင်းဆိုချက်အပေါ် PeopleMedia က NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ မုံရွာအောင်ရှင်ထံ ဆက်သွယ်မေးမြန်းရာတွင်”ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်-မသင့်ကို ပိုပြီးတွက်တာပေါ့။အချို့က နိုင်ငံရေး အကျပ်အတည်းဖြစ်လာမှာကို ပိုတွက်ကြတယ်။ဒါကို မဆီမဆိုင် အချို့က ကာလုံခေါ်ပေးဖို့၊တပ်မတော်ကဝင်ပြီးထိန်းသိမ်းပေးဖို့ ဆိုတာတွေ ပြောလာကြတာမျိုးတွေ့ရတယ်။ကျွန်တော်သိသလောက်က ဒီရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တာနဲ့အစိုးရ ယန္တရား ပျက်မသွားဘူး။သမ္မတအသစ်မပေါ်မချင်းသမ္မတကရှိနေဦးမှာဘဲ။ဘာမှကာလုံခေါ်စရာမလိုဘူး။ကာလုံခေါ်ဖို့ဆိုတာကလည်း သမ္မတကနေပြီးတော့ သဘောတူမှခေါ်လို့ရတာ။အဲ့ဒီတော့ ရိုးရိုးပဲ စဉ်းစားကြတာ ကောင်းတယ်”လို့ ပြောပါတယ်။

ထို့အတူ မုံရွာအောင်ရှင်က“အချို့ပြည်နယ်မှာဆိုရင် ကူးစက်မှုက တော်တော်လေးနည်းတယ်။ဒုတိယလှိုင်းစဖြစ်တဲ့ရခိုင်ပြည်နယ်မှာဆိုရင် အခုတော်တော်လေးပြန်ပြီးတော့ သက်သာလာတာ တွေ့ရတယ်။ကိုဗစ်ရောဂါက ပြင်းထန်တာ မှန်ပါတယ်။ ဒီနေရာမှာစဉ်းစားမယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ရွေးကောက်ပွဲကိုလုပ်ရင်ဖြစ်မယ်မလဲဆိုတာကို စဉ်းစားရမယ်ထင်တယ်” ဟု ဆိုပါတယ်။

နိုင်ငံရေးပါတီအများစုက COVID-19 ကပ်ရောဂါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန် ပြောဆိုနေသော်လည်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် မရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာ(၁၉)ရက်၌ တရားဝင် ပြောဆိုထားပြီးဖြစ်ပါတယ်။

#PeopleMedia #UEC #2020election #NLD


Share this post