• Follow Us on
Latest News

Home ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ငနုသန်းတံတားနှင့် ရန်ကုန်-မန္တလေးသွားမီးရထားလမ်းအား အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ငနုသန်းတံတားနှင့် ရန်ကုန်-မန္တလေးသွားမီးရထားလမ်းအား အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ မေ ၂

 

ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ကညွတ်ကွင်းမြို့နှင့် ညောင်ပင်သာမြို့ကြား၊ မိုင်တိုင်အမှတ် ၁၁၈/၀ နှင့် တံတားအမှတ်(၁၉၂) နေရာ ရန်ကုန်-မန္တလေးကားလမ်း ပေါ်ရှိ အရှည် (၇၀) ပေ အကျယ် (၆၄) ပေ ငနုသန်းသံကူကွန်ကရစ်တံတားအား KNLA အဖွဲ့မှ အကြမ်း ဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယမန်နေ့ နံနက် ၂ နာရီခန့်တွင် မိုင်းထောင် ဖောက်ခွဲမှုကြောင့် တံတား၏အလယ် အလျား ၅၀ ပေခန့်နှင့် အကျယ် ၅၀ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ၎င်း တံတား၏ အနောက်မြောက်ဘက် မီတာ ၇၀၀ ခန့် အကွာရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းအား မိုင်းထောင် ဖောက်ခွဲခဲ့မှုကြောင့် ရထားလမ်းဟောင်း၌ ရထားလမ်းသံဘောင် ၂ ခုမှာ ၁၀ ပေခန့် ပြုတ်ထွက်ပျက်စီး၍ ရထားလမ်းသစ် သံဘောင် ၂ ခုမှာ ၂၀ ပေခန့် ပြုတ်ထွက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင်လူနှင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်းနှင့် လမ်းတံတား ပျက်စီးမှုများအား သက်ဆိုင်ရာလမ်း/ တံတား ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံး ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း(၁၃၁)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း (၅၄) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြသည်။

 

#PeopleMedia


Share this post