• Follow Us on
Latest News

Home ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် (၁၀) ဘီးယာဉ် (၁) စီး နေအိမ်ခြံဝန်းအတွင်း ဝင်တိုက်မှုဖြစ်ရာမှ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် (၁၀) ဘီးယာဉ် (၁) စီး နေအိမ်ခြံဝန်းအတွင်း ဝင်တိုက်မှုဖြစ်ရာမှ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဧပြီ ၂၂

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၀/၁)တွင် ဧပြီလ ၂၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၁၅ အချိန်က (၁၀) ဘီးယာဉ် (၁) စီး ဘရိတ်ပေါက်၍ နေအိမ်ခြံဝန်းအတွင်း ဝင်တိုက်မှုဖြစ်ရာမှ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ကျိုက်ထိုမြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာသော (၁၀) ဘီးယာဉ် (၁)စီး ဘရိတ်ပေါက်၍ အနီးရှိ နေအိမ်ခြံဝန်းအတွင်း ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၆) ဦးအနက် အမျိုးသား (၁) ဦး သေဆုံးနှင့် အမျိုးသား (၅) ဦး ထိခိုက်ဒဏ်ရာရတို့အား ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်း၊ ပဒုမ္မာလူမှုကူညီရေးအသင်းတို့မှ ယာဉ်များဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post