• Follow Us on

Home တစ်ပတ်အတွင်း တင့်၊ သံချပ်ကာယာဉ်အပါအဝင် ရုရှားစစ်ယာဉ်မျိုးစုံ ၂၂၉ စီးကို ယူကရိန်းဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့

တစ်ပတ်အတွင်း တင့်၊ သံချပ်ကာယာဉ်အပါအဝင် ရုရှားစစ်ယာဉ်မျိုးစုံ ၂၂၉ စီးကို ယူကရိန်းဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၂

 

ယူကရိန်းကြည်းတပ်က ဒရုန်းတပ်ဖွဲ့တစ်ဖွဲ့ဟာ တစ်ပတ်အတွင်း သံချပ်ကာယာဉ် ၁၁၆ စီးနဲ့ တခြားစစ်လက် နက်ပစ္စည်းအများအပြားကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း The Defense Post မှာ ရေးသားထားပါတယ်။

 

အဲဒီဒရုန်းတပ်ဖွဲ့ဟာ ဧပြီလ ၂ ရက်နေ့ကစပြီး ရန်သူ့တင့်ကား အစီး ၃၀၊ သံချပ်ကာယာဉ် ၈၆ စီးနဲ့ တခြားစစ် ယာဉ် ၁၁၃ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ ဒစ်ဂျစ်တယ်ပြောင်းလဲရေးဝန်ကြီး မီခေးလိုဖီဒိုရော့ဗ်က ပြောပါတယ်။

 

ဒရုန်းတပ်ဖွဲ့ဟာ အမြောက် ၁၁၄ လက်နဲ့ အတွဲလိုက်ဒုံးပစ်လောင်ချာ ၁၀ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် အဲဒီဒရုန်းတပ်ဖွဲ့ဟာ လေကြောင်းရန်ကာကွယ်ရေးစနစ် ၆ ခု၊ ရေဒီယိုနဲ့ နည်းပညာပစ္စည်း ၁၁ စုံနဲ့ ခဲယမ်းနဲ့ လောင်စာဆီသိုလှောင်ရုံ ၁၁ ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖီဒိုရော့ဗ်က ပြောပါတယ်။

 

ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားစစ်သည် ၁၈၀ လည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

“မောင်းသူမဲ့လေယာဉ်တိုက်ခိုက်ရေးတပ်ဖွဲ့တွေဟာ အပတ်စဉ် ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ရုရှားတွေရဲ့ စစ်လက်နက်ပစ္စည်းတွေကို တိုက်ခိုက်ဖျက်ဆီးလျက်ရှိပါတယ်။” လို့ ဝန်ကြီးက ပြောပါတယ်။

 

မဟာမိတ်နိုင်ငံတချို့နဲ့ စစ်လက်နက်ပစ္စည်းထောက်ပံ့တဲ့နိုင်ငံတချို့က ယူကရိန်းနိုင်ငံအတွက် ဒရုန်းတွေ ထောက်ပံ့ပေးဖို့ ပြောဆိုခဲ့တဲ့အချိန် ၂၀၂၂ ခုနှစ်မှာ ရုရှားတွေကို တန်ပြန်တိုက်ခိုက်ဖို့ ကြည်းတပ်ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းရေးအစီအစဉ် စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ယူကရိန်းနိုင်ငံကို ပြည်ပနိုင်ငံတွေကနေ ပထမဦးဆုံးရောက်ရှိလာတဲ့ဒရုန်းတွေကတော့ Baykar ဒရုန်းတွေနဲ့ AeroVironment ဒရုန်းတွေပဲဖြစ်ပါတယ်။

 

ကြည်းတပ်ဒရုန်းတွေဟာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့ ကီလိုမီတာ ၂၄၇၀ (၁၅၃၅ မိုင်) ရှည်လျားတဲ့ ရှေ့တန်းနယ်မြေတစ်လျှောက် တောက်လျှောက်စောင့်ကြည့်ရာမှာ အထောက်အကူပြုသွားမှာဖြစ်ကြောင်း ယူ ကရိန်းတပ်မတော်အရာရှိ ဗိုလ်မှူးကြီးအိုလက်ဆီနော့စ်ကော့ဗ်က ပြောပါတယ်။

 

Ref: Ukraine ‘Army of Drones’ Destroys 229 Russian Military Vehicles in One Week

 

#PeopleMedia


Share this post