• Follow Us on
Latest News

Home လက်ရှိနိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းကာ ကျော်လွှာနိုင်ရေးအတွက် သက်ဆိုင်ရာ အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်

လက်ရှိနိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းကာ ကျော်လွှာနိုင်ရေးအတွက် သက်ဆိုင်ရာ အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၁၉

 

7 EAO Alliance အနေဖြင့် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းကာ ကျော်လွှာနိုင်ရေး အတွက် သက်ဆိုင်ရာအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက် နိုင်သည်အထိ ဆက်လက်ပြီး ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့က NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်-၁၈ ရက်များတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အောင် မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဒီမိုကရေစီရေးအမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ အပြည့်အဝရှိသော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်သွားရန်ဖြစ်ပြီး မျှော်မှန်းချက်မှာ ဖယ်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်း စဉ်မှတဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

7 EAO Allianceသည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှတဆင့် ငြိမ်းချမ်းရေးဆိုင်ရာရလဒ်များ ဖော်ထုတ်နိုင်ရန် လူထု၏သဘောထားများဖော်ထုတ်နိုင်သော အခင်းအကျင်းများဖန်တီးခြင်း၊ သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိမှုကို သိရှိစေခြင်း၊ အဓိပ္ပါယ်ပြည့်ဝ၍ နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရန် သက်ဆိုင်သူများအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲ များကို စဉ်ဆက်မပြတ်ကျင်းပခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ရည်မှန်းချက်များအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်သူများအားလုံးနှင့် စဉ်ဆက်မပြတ်ကျင်းပ သွားရန်၊ လက်ရှိပဋိပက္ခကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစွာအဖြေရှာလိုသော အင်အားစုများ၏ သဘောထားများ ဖော်ထုတ်နိုင်ရေးအတွက် အခင်းအကျင်းနှင့် နည်းလမ်းများ ဖော်ဆောင်သွားရန်နှင့် ပြည်သူလူထုအား ကာ ကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိခြင်းကို သိရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post