• Follow Us on

Home လူနာတွေအတွက် အိမ်တိုင်ရာရောက်ဆေးဝါးပို့ဆောင်ပေးဖို့ “ဆိုင်ကယ်စီး ကျန်းမာရေးလုပ်သား” အစီအစဉ် ကို ထိုင်းကျန်းမာရေးဝန်ကြီးဌာန စတင်အကောင်အထည်ဖော်

လူနာတွေအတွက် အိမ်တိုင်ရာရောက်ဆေးဝါးပို့ဆောင်ပေးဖို့ “ဆိုင်ကယ်စီး ကျန်းမာရေးလုပ်သား” အစီအစဉ် ကို ထိုင်းကျန်းမာရေးဝန်ကြီးဌာန စတင်အကောင်အထည်ဖော်

Share this post

နိုင်ငံတကာ၊ မတ် ၁၈

 

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း စမ်းသပ်မှုတွေ အောင်မြင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံမှာ လူနာတွေကို “ဆိုင်ကယ်စီး ကျန်းမာရေးလုပ်သား” ခေါ် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားတွေက အိမ်တိုင်ရာရောက် ဆေးဝါးတွေ သွားရောက်ပို့ဆောင်ပေးနိုင်တော့မှာဖြစ်ပါတယ်။

 

အဲဒီဆိုင်ကယ်စီးကျန်းမာရေးလုပ်သားတွေဟာ ပြည်နယ်ပေါင်း ၃၂ ခုမှာရှိတဲ့ ဘတ် ၃၀ ကျန်းမာရေးစောင့် ရှောက်မှုအစီအစဉ်နဲ့ အကျုံးဝင်တဲ့ပြည်သူတွေကို အိမ်တိုင်ရာရောက် ဆေးဝါးတွေ သွားရောက်ပို့ဆောင်ပေးမှာ ဖြစ်ကြောင်း တနင်္လာနေ့ (မတ်လ ၁၈ ရက်နေ့) က အစီအစဉ်ကို စတင်ဖွင့်လှစ်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီး ချိုနန် ဆရီကွေးက ပြောပါတယ်။

 

ဘတ် ၃၀ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အရ ထိုင်းနိုင်ငံသားတွေဟာ ဆေးဝါးကုသမှုခံယူဖို့အတွက် ၎င်း တို့ရဲ့ မှတ်ပုံတင်ကို ထုတ်ပြဖို့သာ လိုအပ်ပါတယ်။

 

အဲဒီကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ဘန်ကောက်အပါအဝင် ပြည်နယ်တချို့မှာ မရသေးတာကြောင့် ထပ်မံတိုးချဲ့သွားဖို့ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

 

နန်းပြည်နယ် ပူဝါခရိုင်က ပူဝါစာသင်ကျောင်းမှာ “ကျေးလက်လူထုကျန်းမာရေးစေတနာ့ဝန် ထမ်းနေ့” အခမ်း အနားတစ်ခုကျင်းပနေစဉ်အတွင်း “ဆိုင်ကယ်စီး ကျန်းမာရေးလုပ်သား” အစီအစဉ်ကို စတင် လိုက်တာဖြစ် ပါတယ်။

 

အခမ်းအနားကို လူထုကျ်နးမာရေးအမြဲတမ်းအတွင်းဝန် အိုပတ်စ်ကန်ကဝင်ပေါင်၊ ဒေါက်တာချိုနန်ရဲ့ ဒုတိယ အုပ်ချုပ်ရေးမှူး ထီဗာပါညာဘွန်းနဲ့ ကျေးလက်ကျန်းမာရေးစေတနာ့ဝန်ထမ်း ၂,၆၀၀ ဝန်းကျင်တက်ရောက်ခဲ့ ကြပါတယ်။

 

အခမ်းအနားမှာ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ ကျန်းမာရေးနယ်မြေ ၁၊ ၂၊ ၃ တို့မှာ ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့တဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေကို မစ္စတာချိုနန်က ဆုချီးမြှင့်ခဲ့ပါတယ်။

 

နန်းပြည်နယ်ရဲ့ ခရိုင် ၁၅ ခုမှာရှိတဲ့ “ဆိုင်ကယ်စီး ကျန်းမာရေးလုပ်သား” အားလုံးကိုလည်း ဝတ်စုံသစ်တွေ ထုတ်ပေးထားပါတယ်။

 

ဆိုင်ကယ်စီး ကျန်းမာရေးလုပ်သားတွေဟာ ဘတ် ၃၀ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အရ အဝေးရောက် ဆေးဝါးဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

 

ဆိုင်ကယ်စီး ကျန်းမာရေးလုပ်သားတွေဟာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးဝါးတွေကို အိပ်ရာထဲကမထနိုင်တဲ့ လူနာတွေနဲ့ ဆေးရုံ/ဆေးဆိုင်တွေကို သွားရောက်ဖို့ ခက်ခဲနေတဲ့လူနာတွေအတွက် အိမ်တိုင်ရာရောက် သွား ရောက်ပို့ဆောင်ပေးမှာဖြစ်ကြောင်း ဒေါက်တာချိုနန်က ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ပြည်နယ်တချို့မှာ အခုအစီအစဉ်ကို စမ်းသပ်ခဲ့တာဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဒေါက်တာချိုနန်က ပြောပါတယ်။

 

နန်းပြည်နယ်မှာ ဆေးရုံ ၁၄ ခုဟာ ဆိုင်ကယ်စီး ကျန်းမာရေးလုပ်သား ၇၈ ဦးပါဝင်တဲ့ ကွန်ရက်တစ်ခုကို ဖွဲ့စည်း ထားပြီး အဲဒီလုပ်သားတွေဟာ ဆေးရုံနဲ့ ၁၅ ကီလိုမီတာပတ်လည်နေရာမှာရှိတဲ့ လူနာတွေကို လိုအပ်တဲ့ဆေးဝါး တွေ လိုက်လံပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ အခုနှစ် မတ်လ ၁၄ ရက်နေ့အထိ လူနာပေါင်း ၂၇၉၆ ဦးထံက အမှာစာတွေအ တိုင်း ဆေးဝါးသွားရောက်ပို့ဆောင်နိုင်ခဲ့ပြီး ဒီဝန်ဆောင်မှုလုပ်ငန်းကြောင့် ဆေးရုံတွေမှာ ဆေးဝါးရဖို့ တန်းစီနေ တဲ့လူတန်းရှည်ကြီးတွေကို ၁၄% အထိ လျှော့ချနိုင်ခဲ့တယ်လို့ ဒေါက်တာချိုနန်က ပြောပါတယ်။

 

မတ်လ ၁၄ ရက်နေ့အထိ ဆေးရုံနဲ့ ဆေးပေးခန်း ၁၈၄ ခုဟာ ဆိုင်ကယ်စီး ကျန်းမာရေးလုပ်သား ၁၄၁၄ ဦးရဲ့ အကူအညီနဲ့ ဆေးဝါး ၄၄,၁၇၄ ခုကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

လူနာပေါင်း ၉၉.၂% က ဝန်ဆောင်မှုပေးတဲ့အချိန်ကို ကျေနပ်ကြောင်းပြောဆိုကြသလို လူနာ ၉၉.၂% က လို အပ်တဲ့ဆေးဝါးရရှိဖို့အတွက် ဆေးရုံ/ဆေးခန်း သွားရောက်စရာမလိုတဲ့အတွက် ဝမ်းသာကျေနပ်မိကြောင်းပြော တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ သိရပါတယ်။

 

ဆိုင်ကယ်စီးကျန်းမာရေးလုပ်သားအဖြစ် တာဝန်ထမ်းဆောင်ချင်တဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေနဲ့ တခြား ကျန်းမာရေးလုပ်သားတွေအနေနဲ့ ဘတ် ၃၀ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အရ “provider ID” (ကျန်း မာရေးလုပ်သားကတ်) မှတ်ပုံတင်နိုင်ကြောင်း ချိုနန်က ပြောပါတယ်။ ဒီ

 

အလုပ်နဲ့ ကျန်းမာရေးလုပ်သားတွေအတွက် အပိုဝင်ငွေ ရှာနိုင်မှာဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အခုဝန်ဆောင်မှုကိုဆောင်ရွက်ပေးဖို့အတွက် ထိုင်းစာတိုက်လုပ်ငန်း၊ Global Jet Express၊ GRAB၊ Robinhood၊ Line Man၊ SCG Logistics၊ Kerry and Dawei တို့လို ဝန်ဆောင်မှုလုပ် ငန်းတွေကိုလည်း အသုံးပြုသွားဖို့ စဉ်းစားနေတယ်လို့ ဒေါက်တာချိုနန်က ပြောပါတယ်။

 

Ref: Public Health Ministry flags off health riders to deliver meds to patients at home

 

#PeopleMedia


Share this post