• Follow Us on
Latest News

Home လယ်သမားတွေ ဝန်ထုပ်ဝန်ပိုးလျော့ကျစေဖို့ ထိုင်းအစိုးရ ဓာတ်မြေသြဇာတွေ ထောက်ပံ့သွားမည်

လယ်သမားတွေ ဝန်ထုပ်ဝန်ပိုးလျော့ကျစေဖို့ ထိုင်းအစိုးရ ဓာတ်မြေသြဇာတွေ ထောက်ပံ့သွားမည်

Share this post

နိုင်ငံတကာ၊ မတ် ၂၆

 

ဈေးနှုန်းမတည်ငြိမ်မှု/ ကုန်ကျစရိတ်များပြားမှုတို့ကြောင့် ဆင်းရဲမွဲတေမှုဒဏ်ခံစားနေရတဲ့ ထိုင်းလယ်သမား ၄.၆၈ သန်းအတွက် ဓာတ်မြေသြဇာထောက်ပံ့ဖို့အတွက် ဘတ်ငွေ ၃၃.၅၃ ဘီလျံ ရရှိရေး လယ်ယာစိုက်ပျိုးရေး နဲ့ သမဝါယမဝန်ကြီးဌာနက ကြိုးပမ်းသွားမှာဖြစ်ကြောင်း The Nation မှာ ရေးသားထားပါတယ်။

 

“ဓာတ်မြေသြဇာနဲ့ ပိုးသတ်တွေးတွေ ဝယ်ယူတင်သွင်းရတဲ့ စရိတ်တွေက ဆင်းရဲတဲ့လယ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပါတယ်။” လို့ လယ်ယာစိုက်ပျိုးရေး နဲ့ သမဝါယမဝန်ကြီးဌာန ဝန်ကြီး သမာနတ်ပရုမ်ပေါက တနင်္လာနေ့ (မတ်လ ၂၅ ရက်နေ့) က ပြောပါတယ်။

 

ရည်မှန်းထားတဲ့ထိုင်းလယ်သမားတွေအနက် ၄.၄၈ သန်းဟာ ဓာတုဆေးဝါးတွေအသုံးပြုပြီး လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်နေသလို လယ်သမား ၂၀၀,၀၀၀ ကတော့ အော်ဂဲနစ်စပါးတွေ စိုက်ပျိုးလုပ်ကိုင်နေ ကြောင်း ဝန်ကြီးဌာနစာရင်းများအရ သိရပါတယ်။

 

အခုဆောင်ရွက်ဖို့ကြိုးပမ်းနေတဲ့ အစီအစဉ်သစ်ဟာ စိုက်ပျိုးစရိတ်ကိုလျှော့ချပြီး ရေရှည်အထွက်နှှုန်းမြှင့်တင်နိုင် ရေးအတွက် ရည်ရွယ်ထားကြောင်း ဝန်ကြီးက ပြောပါတယ်။

 

“ဒီအစီအစဉ်အရ ဝန်ကြီးဌာနဟာ အခုစိုက်ရာသီမှာ လယ်သမားမိသားစုတိုင်းကို တစ်ရိုင်ကို ဓာတ်မြေသြဇာ ၅၀ ကီလို ထောက်ပံ့သွားမှာဖြစ်ပါတယ်။ အမြင့်ဆုံး ရိုင် ၂၀ ဒါမှမဟုတ် ဓာတ်မြေသြဇာ ၁ တန်အထိ ထောက် ပံ့သွားမှာဖြစ်ပါတယ်။” လို့ သမာနတ်က ပြောပါတယ်။

 

စိုက်ပျိုးမယ့်စပါးနဲ့ လိုက်ဖက်သင့်တော်မယ့် ဓာတ်မြေသြဌာကို ထောက်ပံ့သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါ တယ်။

 

ဒီအစီအစဉ်ဟာ လယ်သမားတွေအတွက် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို သက်သာစေဖို့သာမက အစိုးရက လယ်သမားတွေကို တစ်ရိုင်ကို ဘတ် ၁၀၀၀ ထောက်ပံ့ရာမှာ နှစ်စဉ်သုံးစွဲနေတဲ့ လက်ရှိအသုံးစရိတ် ဘတ်ငွေ ၅၄.၃၀ ဘီလျံထဲက ဘတ်ငွေ ၂၀.၇၇ ဘီလျံကိုလည်း လျှော့ချသွားနိုင်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အခုအစီအစဉ်အရထောက်ပံ့ရာမှာ လယ်သမားတစ်ဦးကို လယ်ရိုင် ၂၀ ဒါမှမဟုတ် ဘတ်ငွေ ၂၀,၀၀၀ အမြင့် ဆုံးထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

“အစီအစဉ်ကို အစိုးရအဖွဲ့ကို မတင်ပြခင် အမျိုးသားဆန်စပါး မူဝါဒနဲ့ အုပ်ချုပ်ရေးကော်မတီကို တင်ပြဖို့အတွက် လိုအပ်တဲ့ စာရင်းအချက်အလက်တွေ ပြင်ဆင်ထားဖို့ ဆန်စပါးဦးစီးဌာနကို တာဝန်ပေးထားပါတယ်။” လို့ ၎င်း က ပြောပါတယ်။

 

Ref: Govt may soon ease rice farmers’ burdens by providing free fertilizer

 

#PeopleMedia


Share this post