• Follow Us on
Latest News

Home နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့်အခြေအနေများအရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကို အတည် ပြုပြဋ္ဌာန်းခဲ့ပြီး ထာဝရတည်ငြိမ်အေးချမ်းသည့် ပြည်ထောင်စုကြီးဖြစ်စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း တပ်ချုပ်ပြောကြား

နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့်အခြေအနေများအရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကို အတည် ပြုပြဋ္ဌာန်းခဲ့ပြီး ထာဝရတည်ငြိမ်အေးချမ်းသည့် ပြည်ထောင်စုကြီးဖြစ်စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၈

 

နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ထာဝရတည်ငြိမ်အေးချမ်းသည့် ပြည်ထောင်စုကြီးဖြစ်စေရေး တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

(၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်း အနားသို့ တက်ရောက်ခဲ့ကြသည့် တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိကြီး ၁၆ ဦးနှင့် ဇနီး ၁၀ ဦးတို့ ကန်တော့ခံတက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက်ဂါရဝပြု ကန်တော့ကြသည်။

 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂါရဝပြုစကား ပြောကြားရာ၌ တပ်မတော်၏အစဉ်အလာနှင့်အညီ မိမိတို့အနေဖြင့် တပ်မတော်၏တာဝန်များကို အစဉ်အဆက်ဆက်ခံခဲ့ကြသူများဖြစ်ပြီး ယခုအခမ်းအနား တက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများသည် မိမိတို့၏မိဘဆရာများပင်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်ပြိုကွဲမည့်အန္တရာယ်များမှ ထိန်းသိမ်းကာကွယ်ခဲ့ရ ပါကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ တော်တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ပါကြောင်း ပြောသည်။

 

အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးနှင့် နိုင်ငံရေးကိုကြောင်းပြ၍ အကြမ်း ဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ထာဝရတည်ငြိမ်အေးချမ်းသည့် ပြည်ထောင်စုကြီးဖြစ်စေရေး တပ်မတော် အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အငြိမ်းစားတပ်မတော်အရာရှိကြီး များအနေဖြင့် ယခုကဲ့သို့တပ်မတော်နေ့များသို့ နှစ်စဉ်တက်ရောက် ချီးမြှင့်ပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ တက် ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ ကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ဂါရဝပြုကန်တော့ကြသည်။

 

ထို့နောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်မှူးကြီး ညွန့်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့က ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း တပ်မတော် နေ့ရောက်သည့် အချိန်တိုင်းတွင် မိမိတို့ကဲ့သို့တပ်မတော် အငြိမ်းစားအရာရှိကြီးများနှင့် ဇနီးများအားဂါရဝပြုကန်တော့ခြင်းသည် တပ်မတော်၏ ကောင်းမြတ်သည့် ဂုဏ်ယူဖွယ် အစဉ်အလာကောင်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသည့် တပ်မတော်သားများနှင့်  မိသားစု ဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြစေရန် ဆုမွန်ကောင်းတောင်းပါ ကြောင်းနှင့် အခြား ဩဝါဒစကားများကို ပြောကြားကြသည်။

 

#PeopleMedia


Share this post