• Follow Us on
Latest News

Home လားရှိုးမြို့နယ်တွင် မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

လားရှိုးမြို့နယ်တွင် မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဧပြီ ၂၂

 

ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာအနီး၊ လားရှိုး – တန့်ယန်းသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဝူပေါင်းချောက်(ခ)စိန်နိုင်ဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဝူပေါင်းချောက်(ခ)စိန်နိုင်ဝင်း(၃၀)နှစ်အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော် ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post