• Follow Us on
Latest News

Home အစ္စရေးကို တိုက်ခိုက်ရာမှာ နိုင်ငံ့အင်အားကို ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်း အီရန်ခေါင်းဆောင် အယာတိုလာခါ မေနီပြောကြား

အစ္စရေးကို တိုက်ခိုက်ရာမှာ နိုင်ငံ့အင်အားကို ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်း အီရန်ခေါင်းဆောင် အယာတိုလာခါ မေနီပြောကြား

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၂

 

အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက တိုက်ရိုက်တိုက်ခိုက်ခဲ့တဲ့အတွက် အီရန်တပ် မတော်ရဲ့ အောင်မြင်မှုကို အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီက ချီးကျူးပြောဆိုလိုက်ပါတယ်။

 

အီရန်နိုင်ငံက အစ္စရေးကို ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ခိုက်ပြီးနောက် တနင်္ဂနွေနေ့က အီရန်တပ်မတော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ခါမေနီက အီရန်တပ်မတော်ရဲ့အောင်မြင်မှုကို ချီးကျူုးပြောဆိုလိုက်တာဖြစ်ပါ တယ်။

 

အီရန်ဘက်ကပစ်လိုက်တဲ့ ဒုံးကျည်အများစုနဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို အစ္စရေးနဲ့ ၎င်းတို့ရဲ့မဟာမိတ်တပ် တွေက ပစ်ချနိုင်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံထဲမှာ မဆိုစလောက်သာ ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါ တယ်။

 

“ဒုံးကျည်ဘယ်နှစင်း ပစ်ခဲ့တယ်၊ ဘယ်နှစင်းက ပစ်မှတ်ကို ထိမှန်ခဲ့တယ်ဆိုတာက အရေးကြီးတဲ့မေးခွန်းမဟုတ် ပါဘူး။ တကယ်အရေးကြီးတဲ့အချက်က အီရန်နိုင်ငံက အဲဒီစစ်ဆင်ရေးကာလအတွင်း နိုင်ငံရဲ့အင်အားကို ထုတ် ဖော်ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။” လို့ ခါမေနီက တနင်္ဂနွေနေ့က ပြောပါတယ်။

 

“စစ်ဆင်ရေးကာလအတွင်း အီရန်တပ်မတော်ဟာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ထိရောက်မှုအများဆုံး ရအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တီထွင်ဖန်တီးမှုတွေကို ဆက်လက်ဆောင်ရွက်ပြီး ရန်သူ့နည်းဗျူဟာတွေ ကို ဆက်လက်လေ့လာဖို့ စစ်ခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်။” လို့ ခါမေနီက ပြောပါတယ်။

 

“ဒုံးကျည်ဘယ်နှစင်းပစ်ခတ်ခဲ့ပြီး ပစ်မှတ်ကို ဘယ်နှစင်းထိမှန်ခဲ့တယ်ဆိုတဲ့ ဆွေးနွေးငြင်းခုန်မှုတွေက ဒုတိယ အဆင့်ဖြစ်ပါတယ်။” လို့ ခါမေနီက ပြောပါတယ်။

 

အီရန်တပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့ ထိပ်တန်းအဆင့်အရာရှိကြီးများ၊ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်များတက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ အီရန်ခေါင်းဆောင် က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဧပြီလ ၁ ရက်နေ့က အစ္စရေးက ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့ဝင် နှစ်ဦးနဲ့အတူ တပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့ပြီးနောက် အီရန်နိုင်ငံက အခုလို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

Ref: Supreme Leader Khamenei says Iran demonstrated its power against Israel

 

#PeopleMedia


Share this post