• Follow Us on

Home လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို ရေးဆွဲ အတည်ပြုခဲ့ ကြောင်း လူကယ်ပြန်ဝန်ကြီးပြောကြား

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို ရေးဆွဲ အတည်ပြုခဲ့ ကြောင်း လူကယ်ပြန်ဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၅ (People Media)

 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူငယ်ထုဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာမူဝါဒ ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို ရေးဆွဲအတည်ပြုခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က ပြောသည်။

 

လူငယ်ရေးရာမူဝါဒနှင့် ဆက်စပ်လုပ်ငန်းစဉ်များအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

 

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်အမှတ် (၁၅၁/၂၀၂၁) ဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့လူငယ်များကို စနစ်တကျပြုစု ပျိုးထောင်ပေးနိုင်ရန်မျှော်မှန်း၍ သီးခြားဝန်ကြီးဌာနတစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်တာကြောင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို၍ ပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့် ယုံကြည်ပါ ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုစတဲ့ ထိခိုက်လွယ်သောအုပ်စုများကို  Life Cycle Approach ဖြင့် ပြုစုစောင့်ရှောက်ပေးခြင်း၊ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကိုဆောင်ရွက် လျှက်ရှိရာမှာ လူငယ်ကဏ္ဍအနေဖြင့် ပြုစုစောင့်ရှောက်ရန် လိုအပ်သောကလေးသူငယ်များနှင့် အကျင့်စာရိ တ္တပြုပြင်ပေးရန် လိုအပ်သော ကလေးသူငယ်များ၊ လူငယ်များအတွက် ကလေးပြုစုရေးဌာနများ၊ လူငယ်သင် တန်းကျောင်းများဖွင့်လှစ်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

အာဆီယံအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်း၍ လူငယ်ဆိုင်ရာလုပ်ငန်းများ၊ အစည်းအဝေးများ၊ ဆွေးနွေး ပွဲများကို ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ပေးခြင်းအတွက် ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia #လူကယ်ပြန် #လူငယ်ရေးရာမူဝါဒ

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post