• Follow Us on
Latest News

Home ရေစကြိုမြို့နယ်၌ ရေစကြိုပြောက်ကျားတပ်မှ ခေါင်းဆောင်ဖြစ်သူနှင့် ရဲဘော်သုံးဦး ကျဆုံးသွားကြောင်း ရေစ ကြို PDF အဖွဲ့ထုတ်ပြန်

ရေစကြိုမြို့နယ်၌ ရေစကြိုပြောက်ကျားတပ်မှ ခေါင်းဆောင်ဖြစ်သူနှင့် ရဲဘော်သုံးဦး ကျဆုံးသွားကြောင်း ရေစ ကြို PDF အဖွဲ့ထုတ်ပြန်

Share this post

မကွေး၊ နိုဝင်ဘာ ၂၅ (People Media)

 

ပြီးခဲ့သည့်ရက်ပိုင်းက ရေစကြိုမြို့နယ် တိုက်ပွဲအတွင်း၌ ရေစကြိုပြောက်ကျားတပ်မှ ခေါင်းဆောင်ဖြစ်သူနှင့် ရဲဘော်သုံးဦး ကျဆုံးသွားခဲ့ကြောင်း အဆိုပါ အဖွဲ့က နိုဝင်ဘာ ၂၄ ရက်နေ့၌ သတင်းထုတ်ပြန်ထားပါတယ်။

 

ရေစကြို ပြောက်ကျားတပ်မှ ခေါင်းဆောင်ဖြစ်သူနှင့် ရဲဘော်သုံးဦး ကျဆုံးသွားခဲ့သည့်ဖြစ်စဉ်အပေါ် ၎င်းတို့ အနေဖြင့် ကျဆုံးသွားသည့်ရဲဘော်များအတွက် အထူးကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန်ထားပါတယ်။

 

အလားတူ နိုဝင်ဘာလအတွင်း၌ ရေစကြို PDF အဖွဲ့နှင့် ရေစကြိုပြောက်ကျားတပ်မှ ပူးပေါင်းအဖွဲ့တို့သည် မအူရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။

 

ထို့အတူ ရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ခဲ့သလို ရဲတပ်ဖွဲ့ဝင်များ ၏ လက်နက်များကို ယူဆောင်ခဲ့ပါတယ်။

 

ရေစကြိုမြို့နယ် မြစ်အရှေ့ခြမ်းကျေးရွာများသည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် ကျေးရွာများဖြစ် သလို အဆိုပါဒေသ၌ န-စ-ကမှ စာသင်ကျောင်းများကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

 

#PeopleMedia #ရေစကြိုPDF

 

(unicode)


……………………………………………………

 


 


 


 


 


 


 



Share this post