• Follow Us on
Latest News

Home အင်ဒိုနီးရှားနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ “မဟာဂဠုန်ဒိုင်း ၂၀၂၃” ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

အင်ဒိုနီးရှားနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ “မဟာဂဠုန်ဒိုင်း ၂၀၂၃” ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁

 

အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်ရေးအတွက် အင်ဒိုနီးရှားနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထောင်ပေါင်းများစွာပါ ဝင်တဲ့ သီတင်းနှစ်ပတ်ကြာပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကြာသပတေးနေ့ (သြဂုတ်လ ၃၁ ရက်နေ့) က စတင်ပြု လုပ်ခဲ့ရာမှာ မဟာမိတ်နိုင်ငံ ငါးနိုင်ငံက တပ်ဖွဲ့ဝင်တွေပါ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါတယ်။

 

အမေရိကန်နဲ့ အာရှတိုက်က မဟာမိတ်နိုင်ငံတွေဟာ ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ ရန်လိုမှုတွေတိုးမြှင့်လာ တဲ့အပေါ် ပိုမိုစိုးရိမ်ပူပန်လာမိကြောင်း ပြောဆိုခဲ့ပေမဲ့ အခုစစ်ရေးလေ့ကျင့်မှုကတော့ ဘယ်နိုင်ငံကိုမှ ရည်ရွယ် ပြီးပြုလုပ်နေတာ မဟုတ်ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။

 

အရှေ့ဂျာဗားကျွန်းပေါ်မှာရှိတဲ့ ဘူလူရန်အမျိုးသားဥယျာဉ်ဝင်းအတွင်းမှာ စတင်ပြုလုပ်နေတဲ့ မဟာဂဠုန်ဒိုင်း (Super Garuda Shield) လို့ အမည်ပေးထားပြီး နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်တပ်ဖွဲ့ ဝင် ၂၀၀၀ ကျော်ပါဝင်ဆင်နွှဲနေပါတယ်။

 

ကြာသပတေးနေ့မနက်ပိုင်းက အင်ဒိုနီးရှားရေတပ်ဗိုလ်ချုပ်ကြီး ယူဒိုမာဂိုနို ဖွင့်လှစ်ပေးလိုက်တဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုမှာ အင်ဒိုနီးရှားတပ်ဖွဲ့ဝင် ၂၈၀၀ ဦး ပါဝင်ဆင်နွှဲလျက်ရှိကြေင်း အင်ဒိုနီးရှားစစ်ဘက်က ပြောပါတယ်။

 

“မဟာဂဠုန်ဒိုင်း ၂၀၂၃ ကို ပြီးခဲ့တဲ့နှစ်က ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေကို အခြေခံပြီးတည်ဆောက် ထားတာပါ။” လို့ အမေရိကန်ကြည်းတပ် ပစိဖိတ်ဒေသကွပ်ကဲမှုအရာရှိ ဗိုလ်ချုပ်ကြီးချာလီးစ်ဖလန်းက ထုတ် ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

 

“ဒီနိုင်ငံပေါင်းစုံပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အင်ဒို-ပစိဖိတ်ဒေသကြီး တည်ငြိမ် လုံခြုံပြီး ပိုမိုငြိမ်းချမ်း လွတ်လပ်တဲ့ ဒေသဖြစ်လာဖို့အတွက် ကျွန်တော်တို့ရဲ့စုပေါင်းကတိကဝတ်နဲ့ စိတ်တူသဘောတူ အကျိုးစီးပွား တူတဲ့ ညီညွတ်မှုကို ခင်းကျင်းပြသလိုက်တာပဲဖြစ်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

 

သီတင်းနှစ်ပတ်ကြာ ဒီစစ်ရေးလေ့ကျင့်မှုတွေကို အရှေ့ဂျာဗားကျွန်းပေါ်က နေရာအသီးသီးမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုတွေမှာ သြစတေးလျ၊ ဂျပန်၊ စင်္ကာပူ၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံက တပ်ဖွဲ့ဝင်တွေလည်း ပူး ပေါင်းပါဝင်လျက်ရှိပါတယ်။

 

စစ်ရေးလေ့ကျင့်မှုတွေထဲမှာ နည်းပညာကျွမ်းကျင်မှုမျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲတွေ၊ ကွပ်ကဲကြီးကြပ်ရေး သဏ္ဍန်တူလေ့ကျင့်မှုတွေ၊ ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးလေ့ကျင့်မှုတွေ။ လေကြောင်းချီစစ်ဆင်ရေးလေ့ကျင့် မှုတွေနဲ့ လေယာဉ်ကွင်းသိမ်းပိုက်ရေးသဏ္ဍန်တူလေ့ကျင့်ရေးတွေပါဝင်တယ်လု့ိ ဆိုပါတယ်။

 

ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်ခတ်လေ့ကျင့်တာတွေလည်းပါဝင်ကြောင်း အမေရိကန် သံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။

 

ပြီးခဲ့တဲ့နှစ်ကတော့ တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းပတ်လည်မှာ မျှော်လင့်မထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေပြု လုပ်ခဲ့ပြီးနောက်မှာ မဟာဂဠုန်ဒိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

ဘရာဇီး၊ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယ၊ မလေးရှား၊ နယ်သာလန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ အရှေ့ တီမော၊ ဘရူနိုင်းနဲ့ ပါပူဝါနယူးဂီနီနိုင်ငံတို့ဟာ စောင့်ကြည့်လေ့လာတဲ့နိုင်ငံတွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။

 

Ref: Indonesian, US Troops Begin ‘Super Garuda Shield 2023’ Joint Drills

 

#PeopleMedia


Share this post